Monday, May 7, 2018

စိတ်ကောင်းဝင်နေချိန်တွင် ရန်မစရန် ထရမ့်ကို မြောက်ကိုရီးယား သတိပေး


မိမိတို့ စိတ်ကောင်းဝင်နေခြင်းကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေဖြင့် လှုံ့ဆော် ရန်စမှုများ မပြုသင့်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်သည်။

မြောက်ကိုရီးယား အနေဖြင့် ၎င်းတို့၏ နျူကလီးယား လက်နက်များကို အပြီးတိုင် မစွန့်လွှတ်သေးသ၍ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများမှ ကင်းလွတ်ရန် မမျှော်လင့်သင့်ကြောင်း အမေရိကန် အစိုးရ၏ ကြေညာချက်အပေါ် ပြုံယမ်းဖက်က ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထရမ့်၏ အစိုးရ အဖွဲ့သည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် စိတ်ကောင်းစေတနာကောင်းဖြင့် ကြိုးစား အကောင်အထည် ဖော်နေသော မြောက်ကိုရီးယားအပေါ် ရည်ရွယ်ချက်ရှိရှိ ရန်စနေသည့် သဘောဆန်ကြောင်း စွပ်စွဲခဲ့သည်။

“ငြိမ်းချမ်းရေးကို လိုလားတဲ့ မြောက်ကိုရီးယားရဲ့ သဘောထားကို အားနည်းချက် တစ်ခုလို့ အမေရိကန်က ရှုမြင်ရင်၊ မြောက်ကိုရီးယားအပေါ် စစ်ရေးနဲ့ နိုင်ငံတကာ ဖိအားတွေ ဆက်တိုက်ပေးပြီး ခြိမ်းခြောက်နေရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်”ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အစိုးရပိုင် ကေစီအန်အေ သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ကိစ္စအတွက် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနှင့် ပြီးခဲ့သည့် လကုန်ပိုင်းက သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သည်။ ကင်မ်သည် ထရမ့်နှင့်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံရန် စီစဉ်နေချိန်တွင် အမေရိကန် အစိုးရဖက်က ယခုလို တင်းမာသည့် သဘောထားမျိုး ပြသလာခြင်း ဖြစ်သည်။

Ref: USA Today
7Day

No comments:

Post a Comment