Thursday, May 10, 2018

အဓမ္မပြုကျင့်မှု၊ နာကျင်စေမှုတို့ဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် အစ္စဏီ တာမွေမြို့နယ်တရားရုံးတွင် ပထမအကြိမ် ရုံးချိန်းထုတ်


မော်ဒယ်တစ်ဦးအား နာကျင်စေမှု၊ အဓမ္မပြုကျင့်မှုတို့နှင့် ဖမ်းဆီးခံထားရသည့် အဆိုတော်အစ္စဏီကို ချုပ်ရက်ရမန် ရယူအပြီး မေလ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တရားရုံးသို့ ပထမအကြိမ်အဖြစ်စတင်ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုတော် အစ္စဏီသည် ရည်းစားဟောင်းဖြစ်သူ မ---- ၊ အသက် ၂၇ နှစ် နေထိုင်သည့် တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းတွင် မ----- ၏ အကျီင်္ကို ဆွဲချွတ်ပြီး အမျိုးသမီးက ရုန်းကန်ခဲ့စဉ် အမျိုးသမီး၏ ဦးခေါင်းကို မှန်ဗီဒိုဖြင့်တိုက်ခဲ့သည့်အပြင် တစ်ကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဒါးဇ(အကုန်သိသတင်းဌာန)


No comments:

Post a Comment