Wednesday, May 9, 2018

ထိုင်းကျောင်းသူကိုသတ်မှုဖြင့် ထောင်ကျနေသော မြန်မာလုပ်သားသုံးဦးအတွက် အယူခံဝင်ရန် ဦးဇော်ဇော်ဆောင်ရွက်ပေးမည်


ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသော မြန်မာလုပ်သားသုံးဦးအတွက် အယူခံ လျှောက်ထားရန် တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု မက်စ်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌဦးဇော်ဇော်က ပြောသည်။

ထိုင်းနိုင်ငံတွင် ထောင်ဒဏ် ချမှတ်ခံထားရသော မြန်မာလုပ်သားများ၏ မိသားစုဝင်များနှင့် ဦးဇော်ဇော်တို့ မေလ ၉ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် အထက် ပါအတိုင်း ပြောကြားခြင်း ဖြစ် သည်။

‘‘အဓိကကူညီပေးတယ်ဆို တာ အပြစ်မရှိဘူးလို့ ယုံကြည်တဲ့ အတွက်၊ အမှန်တရားအတွက် ကူညီပေးတာ။ မှားမှားမှန်မှန် ကိုယ့်လူမျိုးဆိုပြီးရောဆိုပြီး ကူညီ တာမဟုတ်ဘူး’’ဟု ဦးဇော်ဇော်က 7Day Daily သတင်းစာအား ပြောသည်။


ဦးဇော်ဇော်သည် ရနောင်း မြို့တွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများ၏ အမှုစတင် ဖြစ်ပွားကတည်းက ကူညီပေးနေ သူဖြစ်သည်။ ယမန်နေ့ကလည်း ယင်းအမှုဖြင့် ဖမ်းဆီးခံထားရ သော မြန်မာလုပ်သားလေးဦး၏ မိသားစုဝင်များကို ကျပ်ငါးသိန်းစီ ထောက်ပံ့ခဲ့သည်။

 ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် မြန်မာလုပ်သား လေးဦးကို အပြစ်ရှိသည်ဆိုကာ ထိုင်းတရားသူကြီးက အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ပြီး ဒဏ်ငွေ ဘတ် ၁၆ သိန်း ကျော် (ကျပ်သိန်း ၇၀၀ ခန့်) ချမှတ်ခဲ့သည်။ ဧပြီ ၁၉ ရက်တွင် ရနောင်းမြို့ ထိုင်းတရားရုံး၌ ဖမ်း ဆီးခံ မြန်မာလုပ်သားလေးဦး အနက် အသက်မပြည့်သေးသည့် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းကို သီးခြားအမိန့်ချမှတ်ပြီး စိန်ကတုံး နှင့် ဝေလင်းကို ထိုင်းတရားသူကြီး က သီးခြားအမိန့်ချမှတ်ခဲ့သည်။

မိုးဇင်အောင်ကို ထောင် ဒဏ်လေးနှစ်နှင့် ဒဏ်ငွေ ဘတ် ရှစ်သိန်းတစ်သောင်း (ကျပ်သိန်း ၃၇၀) ပြစ်ဒဏ်ချမှတ်ပြီး ကျော်စိုး ဝင်းကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ်နှစ်သိန်း ခုနစ် သောင်း (ကျပ်သိန်း ၁၀၀ ကျော်) ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့အပြင် စိန်ကတုံးကို ထောင်ဒဏ်ရှစ်နှစ်နှင့် ဝေလင်းကို ထောင်ဒဏ်ခြောက်နှစ် ချမှတ်ပြီး ၎င်းတို့နှစ်ဦးကို ဒဏ်ငွေ ဘတ်ငါး သိန်းခုနစ်သောင်း (ကျပ်သိန်း ၂၀၀ ကျော်)ချမှတ်ခဲ့သည်။

ချုပ်ရက်များ ခံစားခွင့်ပြု သောကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် မြန်မာလုပ်သား ကျော်စိုးဝင်းသည် ယင်းနေ့တွင် ပင် လွတ်မြောက်လာသည်။ သို့ သော် ထိုင်းဥပဒေအရ အသက် မပြည့်သေးသူ ထောင်ချခံရပါက အသက် (၁၈)နှစ်ပြည့်လျှင် လွတ် မြောက်ခွင့်ရှိ၍ ထောင်လေးနှစ် ချမှတ်ခံရသော မိုးဇင်အောင် သည် အောက်တိုဘာတွင် (၁၈) နှစ်ပြည့်မည်ဖြစ်သဖြင့် နောက် ထပ်ခြောက်လအကြာ၌ လွတ် မြောက်မည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်နေသော ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

 ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ၂၀၁၅ စက်တင် ဘာ ၂၈ ရက်က (၁၈)နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို မိုးဇင် အောင်၊ ကျော်စိုးဝင်း၊ စိန်ကတုံး နှင့် ဝေလင်းတို့က ဓားဖြင့် ၁၇ ချက်ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်၌ ဖမ်း ဆီးခဲ့သည်။

ယင်းအမှုဖြစ်ပွားချိန်တွင် အဆိုပါ မြန်မာလုပ်သားလေးဦး သည် ၎င်းပိုင်စက်ရုံတွင် အလုပ် လုပ်နေကြောင်း ထိုင်းစက်ရုံပိုင် ရှင်က တရားခွင်တွင် သက်သေ ထွက်ဆိုသော်လည်း လူသတ် မှုဖြင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခံရသည်။

7Day

No comments:

Post a Comment