Tuesday, May 8, 2018

ဆီးရီးယားပိုင်နက်အား အီရန်ကိုအသုံးပြုခွင့်ထပ်ပေးရင် ဆီးရီးယားသမ္မတကို သတ်မယ်လို့ အစ္စရေးဆို


အီရန်နိုင်ငံဟာ ဆီးရီးယားပိုင်နက်ကိုအသုံးပြုပြီး အစ္စရေးကိုတိုက်ခိုက်မှုတွေလုပ်ခဲ့မယ်ဆိုရင် ဆီးရီးယား သမ္မတ ဘာရှားအာဆက်ဒ်ကို သတ်ပစ်မယ်လို့ အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး ယူဗယ်စတိန်နစ် က သတိပေးလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံအနေနဲ့ အီရန်နိုင်ငံကို နိုင်ငံပိုင်နက် အသုံးပြုခွင့် ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အစ္စရေးနိုင်ငံ ဟာ ဆီးရီးယားသမ္မတကို သတ်ကာ အာဏာရှင်အစိုးရကို ဖြုတ်ချသွားမယ်လို့ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံ ဟာ ဆီးရီးယားပြည်တွင်းစစ်ပွဲမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း၊ ဆီးရီးယားနိုင်ငံ ပိုင်နက်တွေကို အီရန်ကိုအသုံးပြုခွင့်ပေးတာဟာ ဆိးရီးယား သမ္မတ အာဆက်ဒ် အနေနဲ့ သူကိုယ်ကို အဆုံးသတ်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရမှု ဆီးရီးယားစစ်ပွဲအတွင်း အီရန် ဟာ ဒေသအတွင်းမှာ တပ်ဖွဲ့ဝင် ၇ သောင်းကျော်၊ ဒုံးကျည်အစင်း ၁ သိန်းကျော် နဲ့ ရော့ကတ်တွေပါ ဆီးရီးယား စစ်ပွဲအတွင်းအသုံးပြုဖို့ အလားလာရှိနေပါတယ်။ အစ္စရေးနိုင်ငံကိုတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆီးရီးယားနိုင်ငံဟာ အစ္စရေး နိုင်ငံကို တိုက်ခိုက်ဖို့ အီရန်ရဲ့ စစ်စခန်းတွေအဖြစ် ပြောင်းလဲလာနိုင်တယ်လို့ အစ္စရေးဝန်ကြီးကပြောခဲ့ပါတယ်။ အီရန်နိုင်ငံဟာ ဆီးရီးယားနိုင်ငံကို တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အစ္စရေးတိုက်ခိုက်မှုကို ပြန်လက်စားချေမှာကို အစ္စရေးတာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ အီရန်လက်နက်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မိုဟာမက်ဘာကီရီ က အီရန်နိုင်ငံဟာ ရန်သူ ရဲ့ ရန်စတဲ့အပြုအမူနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အဆင့်သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။

သားဖိုးကောင်း(အကုန်သိ သတင်းဌာန)

No comments:

Post a Comment