NVC ကဒ်ဖြင့် ဘင်္ဂလီများအား လွတ်လပ်စွာသွားလာခွင့်ပေးခြင်းကို ကန့်ကွက်ရှုံ့ချကြောင်း နေပြည်တော် ဥတ္တသီရိမြို့ ရွှေနံ့သာရပ်ကွက် ဘောလုံးကွင်း၌ လူနှစ်ရာဝန်းကျင်ခန့်က ယနေ့နံနက်ပိုင်းဝယ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒပြကြွေးကြော်သံများအဖြစ်"ဘင်္ဂလီများအားနိုင်ငံတွင်းလွတ်လပ်စွာသွားလာခွင့် (အလိုမရှိ)၊ တိုင်းရင်းသားထက်ဘင်္ဂလီများအားဦးစားပေးခြင်း(ချက်ချင်းရပ်)၊ ခိုးဝင်ဘင်္ဂလီများအားနိုင်ငံသားပေးခြင်း(အလိုမရှိ)၊ ခိုးဝင်ဘင်္ဂလီ(အလိုမရှိ)စသည့်ကြွေးကြော်သံများ ဗီနိုင်းများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ယမန်နေ့များ၌ဆန္ဒပြမှုများကို နေပြည်တော်အတွင်းရှိ မြို့နယ်အချို့တွင်လည်း ဆောင်ရွက်ခဲ့ကြသေးသည်။
အောင်ပြည့်စုံ
Popular News Journal









No comments:
Post a Comment