Tuesday, May 8, 2018

Original ganster 3 တကယ်အပိတ်ခံရတယ်ဆိုတာကို ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ကြော်ငြာစာနဲ့ သက်သေပြလိုက်တဲ့ ယုန်လေး


Original ganster 3 ရုံတင်ခွင့် မပြုတဲ့အကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားတဲ့ ကြော်ငြာစာကို ယုန်လေးက သူ့ရဲ့ ဖေစ့်ဘုတ်စာမျက်နှာမှာ တင်ထားပါတယ်။

“ Share ပေးဖို့အတွက်လည်း တောင်းဆိုပါတယ်။ တကယ်အပိတ်မခံရဘူးထင်မှာ စိုးလို့ပါ။ အဲဒီနောက်လည်း အထပ်ထပ်ကြိုးစားခဲ့ပါတယ်။ ဘယ်အခန်းဖြုတ်၊ ဘာကြောင့်ဆို ဖြုတ်ပေးနိုင်ရင် ဖြုတ်ပေးလို့ရသေးတယ်။ 

ရေးထားတာတွေသာ ဖတ်ကြည့်တော့ဗျာ” ဆိုပြီး ယုန်လေးက ရေးသားထားပါသေးတယ်။

အလှမယ်တွေ ပြန်ပေးဆွဲတာ၊ ဟိုတယ်ကြီးတစ်ခုမှာ Ganster တွေ ရောက်သွားတဲ့အခန်းတွေက အများသူငါ အတုခိုးတာ မှားမှာဆိုးတဲ့အတွက် ရုံတင်ခွင့်မပေးတာဖြစ်တယ်လို့ သိရပါတယ်။

“ ဆင်ဆာအဖွဲ့က အကြီးဆုံး ဦးသိန်းနိုင်က ကျွန်တော်နဲ့ အဆင်ပြေတယ်။ ပိုက်ဆံကိစ္စတွေ ဘာတွေလည်းမရှိပါဘူး။ ကိုယ့်သမိုင်းတို့၊ လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူတို့ကို ဘာလေးပြင်လိုက်ဆိုပြီး ကူညီပေးခဲ့ဖူးပါတယ်။ အခုက သူတစ်ယောက်တည်းမပြီးဘဲ တခြားအဖွဲ့ဝင် လူအများလည်း Pressure ဝိုင်းပေးလို့ပါ” လို့လည်း ယုန်လေးက ရေးသားထားပါတယ်။

Original ganster ရုပ်ရှင်ဇာတ်လမ်းက ပရိသတ်အပေါ် ကောင်းကျိုးဖြစ်ထွန်းစေမယ့် မည်သည့်ပညာပေးမှုမှမပါရှိဘဲ အတုယူမှားဖွယ်ရာများသာ ပါရှိနေတဲ့အတွက် ခွင့်မပြုခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“ တိုင်းပြည်အကျိုးပြုဖို့က သူတို့ပြောစရာမလိုပါဘူး။ ကိုယ့်အသိစိတ်ဓာတ်ရှိပြီးသားမို့လို့ ကိုယ့်ပိုက်ဆံကို အကုန်ခံပြီး လိုင်းပေါ်ကို ဒီတိုင်းတင်ပေးခဲ့တာ။ ငြိမ်းချမ်းချင်ပြီမြန်မာပြည် ငြိမ်းချမ်းရေးသီချင်း၊ တခြားအကျိုးပြုတွေလည်း လုပ်ထားပါတယ်။ Original ganster ကတော့ ရုပ်ရှင်ဖျော်ဖြေရေးလေဗျာ။ ဇာတ်လမ်းရေးသူက အများ၏ ကျေနပ်နှစ်သက်မှုမကြည့်ဘဲ ကိုယ်ကျိုးသာကြည့်တယ်ပဲရှိရသေးတယ်” လို့လည်း ယုန်လေးက ရေးသားထားပါတယ်။

Original ganster 3 ကို ၂၀၁၆ ခုနှစ် ၁၁ လပိုင်းက စတင်ရိုက်ကူးခဲ့ပြီး မြင့်မြတ်၊ ယုန်လေးနဲ့ ထူးခြားတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

နွယ်ဏီ (အကုန်သိသတင်းဌာန) 

No comments:

Post a Comment