Thursday, July 5, 2018

ပုပ္ပားတောင်မကြီးအနီးရှိ သစ်တောကြိုးဝိုင်းအတွင်း ပေ ၁၄၀ ရှည်သော အင်ကြင်းကျောက်တွေ့ရှိ


မြန်မာနိုင်ငံတွင် အရှည်လျားဆုံးနှင့် အကြီးမားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဟု ယူဆရသည့် ပေ ၁၄၀ ရှည်သော အင်ကြင်းကျောက်ကို ကျောက်ပန်း တောင်းမြို့နယ် ပုပ္ပားတောင်မ ကြီးအနီးရှိ ကိုးကွေ့ကြိုးဝိုင်းအတွင်း တွေ့ရှိခဲ့ကြောင်း ပုပ္ပားတောင်ချစ်သူများအသင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ခံ ဦးအောင်ဟိန်းက ပြောသည်။

အဆိုပါအင်ကြင်းကျောက် ကို ပုပ္ပားတောင်ချစ်သူများ အသင်းမှ အသင်းဝင်များက လွန်ခဲ့ သည့်တစ်လခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် ၂ ရက်တွင် ချုံနွယ် များရှင်းလင်း၍ မြေပေါ်၌ တွေ့ ရှိရသည့် အနေအထားကို တိုင်းတားရာ အရှည်ပေ ၁၄၀ ရှိသည် ဟုဆိုသည်။ ထို့အပြင် လုံးပတ် ၁၃ ပေခန့် ရှိမည်ဟု ခန့်မှန်းပြီး မြေအောက်တွင် ဆက်လက်ကျန် ရှိနေနိုင်သေးသည်ဟု ယူဆရ ကြောင်း ၎င်းက ပြောသည်။

‘‘ဒါက အခုလက်ရှိ တွေ့သ မျှထဲမှာ အကြီးဆုံးပဲ။ လောလော ဆယ်တော့ မြေကြီးထဲမှာ မြုပ်နေ တာဖြစ်တဲ့တွက် အဲဒီအတိုင်းလေး ထားတာ စိတ်အချရဆုံးပဲ။ အပေါ်ကို ဖော်လိုက်ရင် ထိန်းသိမ်းလိုက်တဲ့စရိတ်က အရမ်းများသွားမှာ’’ ဟု ဦးအောင်ဟိန်းက ပြောကြား သည်။

အဆိုပါအင်ကြင်းကျောက် သက်တမ်းသည် အနည်းဆုံး နှစ်သန်းတစ်ရာမှ သန်းသုံးရာခန့် အထိ ရှိနိုင်ကြောင်း ခန့်မှန်းပြီး အသေးစိတ် အခြေအနေ သိရှိနိုင် ရန် ဘူမိဗေဒကျွမ်းကျင်ပညာရှင် များဖြင့် ချိတ်ဆက်ကာ ဆက်လက်လေ့လာမည်ဖြစ်ကြောင်း ပုပ္ပား တောင်ချစ်သူများအသင်းဝင်များ က ပြောသည်။

ထို့အပြင် အဆိုပါအင်ကြင်း ကျောက်တွေ့ရှိခဲ့သည့် ကျောက် ပန်းတောင်းမြို့နယ် သံဘိုကျေးရွာအနီးရှိ ကိုးကွေ့ကြိုးဝိုင်းဒေသ သည် ပုပ္ပားတောင်မကြီးနှင့် နှစ် မိုင်ခန့်အကွာ ပုပ္ပားတောင်မကြီး နှင့် ဆက်စပ်နေသည့် တောင်စွယ် တောင်တန်းတစ်ခုတွင် ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရမည့် ဒေသတစ်ခုအဖြစ် သတ်မှတ်နိုင် ရန် တိုင်းအစိုးရသို့ တင်ပြထား ကြောင်း ဦးအောင်ဟိန်းက ပြော သည်။

‘‘ပြီးခဲ့တဲ့ နှစ်ရက်ကမှ ကွင်း ဆင်းပြီး တိုင်းတာမှုတွေ လုပ်ခဲ့ပြီး တော့ ဒီနေ့ပဲ တိုင်းဒေသကြီးအစိုး ရဝန်ကြီးတွေကို တင်ပြထားပါ တယ်။ သူတို့ဘက်ကလည်း လှမ်း မေးနေပါတယ်။ ဒါကို ထိန်းသိမ်း သင့်တဲ့ ဧရိယာတစ်ခုအနေနဲ့ သတ်မှတ်စေချင်တဲ့ အတွက်ကို လည်း တင်ပြထားပါတယ်။ အဲဒါ ကိုတော့ အစိုးရပိုင်းကနေ လုပ်ရ မှာပေါ့’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ ပုပ္ပား တောင်ဒေသကို UNESCO အသိအမှတ်ပြု ဘူမိဥယျာဉ်ဒေသ အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်နေ သည်။

7Day

0 comments:

Post a Comment