မိသားစုစီးပွားရေး ကို အမြတ်ထွက်စေခဲ့သည့် ထိုင်း နိုင်ငံ၏ Export-Import Bank က မြန်မာနိုင်ငံသို့ ထိုင်းဘတ်ငွေ လေးဘီလီယံ ချေးမှုနှင့်ပတ်သက် ၍ မသမာမှုရှိခဲ့သည်ဟု စွပ်စွဲ ခံရသောအမှုတွင် ထိုင်းတရားရုံး ချုပ်ကဝရမ်းပြေး ဝန်ကြီးချုပ် ဟောင်း သက်ဆင်အပေါ် နောက်ထပ်ဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၄ ရက်တွင် သက် ဆင်က တရားရုံးသို့ လာရောက် ရန် ပျက်ကွက်ပြီးနောက် တရား ရုံးချုပ် နိုင်ငံရေးရာထူးရယူထား သူများ ရာဇဝတ်မှုဌာနက အ ဆိုပါဝရမ်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါဌာန၏ ရာဇ ဝတ်မှုဆိုင်ရာ လုပ်ငန်းစဉ်သစ် အရ အမှုကို သက်ဆင်၏ မျက် ကွယ်တွင် မကိုင်တွယ်မီ တရားရုံး က သုံးလစောင့်ဆိုင်းမည် ဖြစ် သည်။
အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ၂၀၀၈ တွင် ယင်းအမှုဖွင့်ခဲ့သော် လည်း သက်ဆင်ရောက်မလာ ခြင်းကြောင့် အမှုကိုဘေးဖယ် ထားခဲ့သည်။ သို့သော်ပြီးခဲ့သည့် နှစ်အတွင်း ရာဇဝတ်မှုလုပ်ငန်းစဉ် သစ် အသက်ဝင်လာပြီးနောက် ယင်းအမှုနှင့်အတူ သက်ဆင်အပေါ် အခြားစွဲထားသောအမှုများ ပြန်လည်သက်ဝင်လာခဲ့သည်။
မြန်မာနိုင်ငံသို့ ချေးငွေအမှု တွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် တည်ဆောက်ရာ၌ အသုံးပြုရန် မြန်မာအစိုးရသို့ ဘတ်ငွေလေး ဘီလီယံကို Exim Bank ကို ချေးစေခြင်းဖြင့် လွန်ခဲ့သော ၁၄ နှစ်က သက်ဆင်သည် ဝန်ကြီး ချုပ်အဖြစ် ၎င်း၏သြဇာအာဏာ ကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အတိုးနှုန်း ၃ ရာခိုင်နှုန်းသာရှိပြီး ဘဏ်၏ လည်ပတ်မှု ကုန်ကျစရိတ်ထက် နည်းပါးနေသည်။ ထိုချေးငွေ ကြောင့် ယင်းဘဏ်သည် ထိုင်း ဘတ်ငွေ သန်း ၆၇၀ ထိခိုက်ခဲ့ သည်ဟုဆိုသည်။
ယင်းချေးငွေကြောင့် သက် ဆင်၏ မိသားစုဝင်များ ရှယ်ယာ အများစုပါဝင်သည့် Shin Satellite ကုမ္ပဏီ အကျိုးအမြတ် ရှိစေခဲ့သည်။ မြန်မာနိုင်ငံကချေး ငွေကို Shin Satellite ထံမှ ဆက်သွယ်ရေးကိရိယာများနှင့် ဂြိုဟ်တုဝန်ဆောင်မှု ဝယ်ယူရာ တွင် အသုံးပြုခဲ့သဖြင့် ထိုသို့အ ကျိုးအမြတ်ရရှိခြင်းဖြစ်သည်။
ထို့အပြင် Exim Bank က ချေးငွေ ဘတ်သုံးဘီလီယံပေး ထားသည်ကို သက်ဆင်က တစ် ဘီလီယံထပ်တိုးစေကာ အတိုးနှုန်းကိုလည်း ၅ ဒသမ ၅ ရာခိုင်နှုန်း မှ၃ ရာခိုင်နှုန်းသို့ လျှော့ချစေခဲ့သည်။
Ref:Bangkok Post
7Day







0 comments:
Post a Comment