ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကျေးရွာတွင် ဖွင့်လှစ်ထားသည့် NRPC တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ၏ (၁၆)ကြိမ်မြောက် အစည်းအဝေး စတင်ကျင်းပလျက်ရှိသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်နှင့် UPDJC ဒုတိယဥက္ကဋ္ဌဦးသုဝေတို့က အသီးသီးအမှာစကားပြောကြားကြသည်။
အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍများမှ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံတတိယအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက် ချမှတ်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
(၁၆) ကြိမ်မြောက် UPDJC အစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထွန်း(နေပြည်တော်)
News Watch





No comments:
Post a Comment