မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ တပ်မတော်အကြား လေ့ကျင့် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုအဖြစ် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကို နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ယမန်နေ့ကဖွင့်လှစ် ခဲ့သည်။
အဆိုပါသင်တန်းတွင် ကု လသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်း မှု တပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက် နာရမည့် ကျင့်ဝတ်များ၊ အရပ် သားများကို ကာကွယ်စောင့် ရှောက်မှု၊ ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်မှု၊ စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက် မှု၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်း သိမ်းမှုလုပ်ငန်းများ၏ သမိုင်း ကြောင်းနှင့် ဆောင်ရွက်နေမှုများ ကို သင်ကြားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ယင်းသင်တန်းသည် သြ ဂုတ် ၆ ရက်မှ ၁၇ ရက်အထိ ၁၂ ရက် ကြာမြင့်မည်ဖြစ်ပြီး သင် တန်းဖွင့်ပွဲ အခမ်းအနားတွင် ဒုတိ ယတပ်မတော် ကာကွယ်ရေး ဦး စီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က အဖွင့် အမှာစကား ပြောကြားသည်။
မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ တပ်မတော်များအကြား လေ့ကျင့် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုအဖြစ် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ ကို ၂၀၁၆ တွင် စတင်ခဲ့သည်။ ထို့ နောက် ၂၀၁၇ တွင် နှစ်ကြိမ်၊ ယခုနှစ် ဖေဖော်ဝါရီတွင် တစ် ကြိမ် ပြုလုပ်ခဲ့သည်။
7Day







0 comments:
Post a Comment