Monday, August 6, 2018

ရိုက်တာသတင်းထောက်နှစ်ဦးအမှု သက်သေအားလုံး စစ်ဆေးပြီးစီး၊ လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲမည် လူ့အဖွဲ့အစည်းအတွင်းမှားယွင်းမှုများကို မီးမောင်းထိုးပြရန် သတင်းစာဆရာများ၏ တာဝန်ဖြစ်ဟု ဦးရဲနိုင်မိုးပြော


နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခံရ သော​ ရိုက်တာသတင်းထောက် နှစ်ဦးအမှုမှ သက်သေများစစ် ဆေးပြီးဖြစ်၍ အပြီးသတ်အမိန့်ချ ရန် လာမည့်ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက်များ ပေးမည်ဖြစ် သည်။

ယမန်နေ့တွင် ရိုက်တာသ တင်းထောက်နှစ်ဦးအမှုအတွက် တရားလိုပြ သက်သေနှစ်ဦးဖြစ် သော ရန်ကုန်သတင်းစာသင် တန်းကျောင်း (YJS)ဒါရိုက်တာ ဦးရဲနိုင်မိုးနှင့် ရန်ကုန်ပရဟိတအ ဖွဲ့မှ ကိုသန့်ဇင်စိုးတို့ကို အမှု၏ နောက်ဆုံး လက်ကျန်သက်သေ အဖြစ် စစ်ဆေးခဲ့သည်။

လာမည့်ရုံးချိန်းတွင် နှစ်ဖက် ရှေ့နေများက အပြန်အလှန်အပြီး သတ်လျှောက်လဲချက်များပေးရ မည်ဖြစ်ပြီး ထိုရုံးချိန်းပြီးပါက နောက်တစ်ကြိမ်ရုံးချိန်း၌ အပြီး သတ်အမိန့်ချမည်ဖြစ်သည်။

ဖမ်းဆီးခံ ရိုက်တာသတင်း ထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦး သည် သတင်းဆောင်းပါးများ အ ကြိမ်ကြိမ် ဆုရဖူးသူများဖြစ် ကြောင်း ဦးရဲနိုင်မိုးက တရားရုံး တွင်ထွက်ဆိုသည်။

‘‘ကျွန်တော်တို့သတင်းစာ ဆရာတွေရဲ့ အခန်းကဏ္ဍဟာ လူ့ အဖွဲ့အစည်းထဲမှာ အရာအားလုံး ကောင်းမွန်နေတယ် ဆိုတာကို  ပြောဖို့တာဝန်မဟုတ်ဘူး။ တ ကယ်စစ်မှန်တဲ့သတင်းစာဆရာ ဆိုတာ လူ့အဖွဲ့အစည်းထဲမှာ မှား ယွင်းနေတာတွေ၊ ပြဿနာတွေ ကို မီးမောင်းထိုးပြဖို့တာဝန်ပဲဖြစ် တယ်’’ ဟု တရားခွင်အပြီးတွင် ဦး ရဲနိုင်မိုးက သတင်းမီဒီယာများ အား ဖြေကြားသည်။

ရိုက်တာ သတင်းထောက် နှစ်ဦးအမှုနှင့်ပတ်သက်ပြီး ယမန် နေ့တွင် (၃၄)ကြိမ်မြောက်ရုံးထုတ် စစ်ဆေးပြီး လာမည့်ရုံးချိန်းကိုဩဂုတ် ၂၀ ရက်၌ချိန်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်က  ရိုက်တာ သတင်းထောက်နှစ်ဦး၏အမှုအပေါ် မှတ်ချက်နှင့်ပတ်သက်၍ သတင်းထောက်များ၏မေးမြန်းမှုအပေါ် ‘‘ကျွန်တော်သိချင်တဲ့အချက်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဝလုံးတို့ရဲ့ကိစ္စကို အောက်ခြေမှာရှိတဲ့ သတင်းအချက်အလက်တွေဟာ ဘယ်လောက် စိစိစစ်စစ်မှန်မှန်ကန်ကန်နဲ့ သူ့ဆီကိုရောက်လဲဆိုတာ ကျွန်တော်သိချင်တယ်။သူ့ဆီကို သတင်းအချက်အလက်တွေ သွား တဲ့လမ်းကြောင်းတွေက နေ့စဉ် ဘယ်လိုလမ်းကြောင်းတွေကနေ ပေးပို့ကြလဲ ဒီအမှုတွေကို။ ဒီလိုမှ မဟုတ်ဘဲ အမှီအခိုကင်းတဲ့သတင်းမီဒီယာတွေကို ဖတ်ပြီး ကောက်ချက်ဆွဲတာလား။ ကျွန် တော်စိုးရိမ်ပူပန်မှုဖြစ်မိတယ်။ သူ့ ရဲ့မှတ်ချက်အပေါ်မှာလည်း စိုး ရိမ်ပူပန်မှုရှိတယ်’’ ဟု တရားရုံးမှ ပြန်ထွက်လာသောဦးရဲနိုင်မိုးက ပြောသည်။

အဆိုပါအမှုတွင် တရားစွဲဆိုသည့် ရဲတပ်ဖွဲ့မှတရားလိုပြသက်သေ ၂၂ ဦးကိုစစ်ဆေးပြီး တရားခံများဘက်က သက်သေ သုံးဦးကို စစ်ဆေးခဲ့သည်။

‘‘လာမယ့်တစ်ပတ်က အပြီး သတ်လျှောက်လဲချက်ပေးမှာပါ။ ဒီအမှုမှာ တရားလိုပြသက်သေ ထွက်ဆိုချက်။နောက်တစ်ခါစွပ်စွဲ ခံရသူတွေရယ်၊ သူတို့ရဲ့သက် သေခံပြတာတွေ ခြုံငုံပြီးတော့ ကျွန်တော်တို့ဘက်က အပြစ်မရှိ ကြောင်း လျှောက်လဲချက်ပေးမှာ ပါ။ အဲဒါပြီးရင်တော့ အမိန့်ချမှာ ပါ။ စစ်ဆေးမှုကတော့ ပြတ်သွား တဲ့သဘောပေါ့။ အပြီးသတ် လျှောက်လဲချက်ပြီးရင်တော့ အ မိန့်ချတာပဲရှိတော့တယ်’’ ဟု ရိုက်တာသတင်းထောက်နှစ်ဦးအ ကျိုးဆောင်ရွက်ပေးနေသော တ ရားလွှတ်တော်ရှေ့နေ ဦးသန်း ဇော်အောင်က ပြောသည်။

၎င်းတို့အမှုနှင့်ပတ်သက်ပြီး မျှမျှတတနှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမည်ဟု ယုံကြည် ကြောင်း ကိုဝလုံးကပြောသည်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးသည် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပ ဒေ ၃(၁)(ဂ)ဖြင့် ရှစ်လကြာဖမ်း ဆီးခံထားရပြီး တရားရင်ဆိုင်နေ ရခြင်းဖြစ်သည်။

7Day


0 comments:

Post a Comment