Thursday, August 2, 2018

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စင်ကာပူမှာ ဖွင့်လှစ်ကျင်းပ


၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများရဲ့ ဖွင့်ပွဲအခမ်းအနားကိုတော့ ယနေ့ သြဂုတ် ၂ ရက်မှာ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကိုတော့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လာခရစ်နန် တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

ယင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးပဋိပက္ခစစ်ပွဲနဲ့ အာဆီယံအဖွဲ့ကြီးအပေါ် သက်ရောက်စေတဲ့ အခြား ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားကြဖို့ ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ် ကျောထောက်နောက်ခံပြု ကြီးမားတဲ့ ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP ကို ယခုနှစ်အတွင်းမှာ လက်မှတ်ရေးထိုးသွားနိုင်ဖို့ ရှိနေကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောဆိုသွားတယ်လို့ သိရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment