အင်္ဂါဂြိုဟ် တောင်ဝင်ရိုးစွန်းနားက ရေခဲပြင်ချပ်အောက်မှာ ဆားဓာတ်ကြွယ်ဝတဲ့ အရည်တွေကို သိုလှောင်ထားတဲ့ လှောင်ကန်ကြီးတခု ရှိနေတာကို အီတလီ သုတေသီတွေက တွေ့ခဲ့ပါတယ်။
ကီလိုမီတာ ၂ဝ အထိကျယ်တဲ့ အဲဒီရေလှောင်ကန်ကို အင်္ဂါဂြိုဟ်ကိုပတ်နေတဲ့ ဥရောပ အာကာသယာဉ်တစင်းရဲ့ ရေဒါကနေ ဖမ်းမိခဲ့တာပါ။
အီတလီ အာကာသအေဂျင်စီက ပညာရှင် ၃၂ ဦးပါတဲ့ သုတေသနအဖွဲ့ဟာ အခုတွေ့ရှိချက်ကို သိပ္ပံဂျာနယ်မှာ ဇူလိုင် ၂၅ ရက်နေ့က ဖော်ပြခဲ့တာပါ/
သုတေသီတွေကတော့ အခုတွေ့ရှိထားသလို အင်္ဂါဂြိုဟ်ပေါ်က တခြားနေရာတွေမှာလည်း ရေရှိလိမ့်မယ်လို့ မျှော်လင့်နေပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လေ့လာစုံစမ်းတာတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။
အခုတွေ့ရှိချက်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရေနည်းနည်းရှိခဲ့တယ်ဆိုတဲ့ အစောပိုင်း တွေ့ရှိချက်တွေကို ကျော်လွန်ပြီး သက်ရှိတွေ အချိန်ကာလတခုအထိ နေနိုင်တဲ့ ရေပမာဏ ရှိခဲ့တယ်ဆိုတာကို ပြသနေပါတယ်။
DVB

No comments:
Post a Comment