Thursday, August 2, 2018

အတိုးရရှိမည့် အသက်အာမခံကို GGI စမိတ်ဆက်


ပြည်တွင်းအာမခံဈေးကွက်အတွင်း ပထမဦးဆုံးအနေဖြင့် အတိုးရရှိမည့် အသက်အာမခံ (အတိုးရအသက်အာမခံ - Short Term Endowment life insurance) ကို ပုဂ္ဂလိက အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် GGI အာမခံကုမ္ပဏီက ယနေ့စတင်မိတ်ဆက်လိုက်သည်။ 

ယင်းအာမခံကို အာမခံထားငွေ ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀၀ အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး အာမခံသက်တမ်းအနေဖြင့်လည်း ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်ကို မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှသိရသည်။ 

“ဒီဟာက မြန်မာ့အာမခံဈေးကွက်မှာ နှစ်ငါးဆယ်အတွင်းမှာ အတိုးစရတဲ့ အာမခံဖြစ်တယ်၊ ကျွန်တော်တို့ အာမခံနဲ့ပတ်သက်ပြီး အရမ်းကြီးနောက်ကျခဲ့ပါတယ် အသက်အာမခံဆိုတာတောင် ပျောက်တော့မယ့် အခြေအနေဖြစ်နေပါတယ် ဒါကပြည်သူတွေ ပြန်စိတ်ဝင်စားလာအောင် လုပ်နေရတယ်”ဟု GGI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးပိုင်က ပြောကြားသည်။

The Voice

0 comments:

Post a Comment