အစိုးရအကြီး အကဲများ၏ ပိုင်ဆိုင်မှုစာရင်းများ ကို နိုင်ငံတော်သမ္မတထံ ပေးပို့ ရုံမကဘဲ ပြည်သူများအားလုံး အလွယ်တကူ ကြည့်ရှုနိုင်ရန် ဝက်ဘ်ဆိုက်၌ လွှင့်တင်ပေးသင့် ကြောင်း ဦးသိန်းစိန်အစိုးရ လက် ထက် ဝန်ကြီးဟောင်း ဦးစိုးသိန်း က ပြောသည်။
သြဂုတ် ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး ထွက်ခွာလာစဉ် သတင်းထောက်များအား ယင်း သို့ ပြောကြားသည်။
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များသည် ၎င်းတို့၏ ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်းများကို နိုင်ငံ တော် သမ္မတထံ အိတ်ပိတ်ကာ ပေးပို့ရပြီး ယင်းအချက်အလက် များကို ပြည်သူများ သိရှိပိုင်ခွင့် မရှိပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးများ၏ ပိုင် ဆိုင်မှုကို သမ္မတထံ တင်ပြရပြီး သမ္မတနှင့် ဒုသမ္မတများ၏ ပိုင် ဆိုင်မှုကို ပြည်ထောင်စုလွှတ် တော် နာယကထံတင်ပြရသည်။
‘‘OGP (ပွင့်လင်းအစိုးရအဖွဲ့ ဝင်)က ဒီသဘောမဟုတ်ဘူး။ ဝက်ဘ်ဆိုက်မှာ တင်ထားတယ်။ ပြည်သူက ခင်ဗျား ကျွန်တော့်ကို သိချင်ရင် ဖွင့်ကြည့်လိုက်တယ်။ ကျွန်တော် ဘယ်လိုလဲဆိုတာ သိ သွားမယ်။ ဒီအဆင့်သွားရမယ်။ ဖြည်းဖြည်းသွားရမှာပေါ့ဗျာ’’ဟု ဦးစိုးသိန်းက ပြောသည်။
ထိုသို့ ဆောင်ရွက်မှသာလျှင် ဒီမိုကရေစီ ရင့်ကျက်လာမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ၏ ဒီမိုကရေ စီစနစ် ပိုမိုအားကောင်းရေး ပွင့် လင်း အစိုးရအဖွဲ့ဝင် (Open Government Partnership) ဖြစ်ရေး ဆက်လက်ဆောင်ရွက်သင့် ကြောင်း ၎င်းက ဆိုသည်။
သို့သော် ဦးစိုးသိန်း ဝန်ကြီး လုပ်ခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း ပိုင်ဆိုင်မှု များကို ၎င်းတောင်းဆိုသကဲ့သို့ ဝက်ဘ်ဆိုက်တင်ခြင်း မရှိပေ။
ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သည့် ပွင့်လင်းသော အစိုးရအဖွဲ့ဝင် (OGP)ဖြစ်ရေး ဆက်လက် အကောင်အထည် ဖော်ရန် ကယားပြည်နယ် အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ၎င်းက မေးမြန်းခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် မောင်တင်ကမူ ပွင့်လင်း အစိုးရ အဖွဲ့ဝင် နိုင်ငံဖြစ်ရေး ဆောင်ရွက် မည်မဟုတ်ကြောင်း ပြန်လည်ဖြေ ကြားသည်။ သို့သော် နိုင်ငံတော် အစိုးရအနေဖြင့် ပွင့်လင်းအစိုးရ အဖွဲ့ဝင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းများကို အ ကောင် အထည်ဖော် ဆောင်ရွက် နေသည်ဟု ၎င်းကဆိုသည်။
ပွင့်လင်းအစိုးရအဖွဲ့ဝင်ဖြစ် ရန် အခြေခံလိုအပ်သည့် စံသတ် မှတ်ချက်များသည် ဘဏ္ဍာရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ သ တင်းအချက်အလက်များ ရယူနိုင် မှု၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ အဆင့်မြင့် အရာရှိကြီးများ၏ ပိုင်ဆိုင်မှု၊ ဝင် ငွေစာရင်းကို ပြည်သူ့ထံ အသိ ပေးခြင်း၊ ပြည်သူများ ပါဝင်ခွင့် ရရှိခြင်းတို့ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပွင့် လင်း အစိုးရအဖွဲ့ဝင်ဖြစ်ရေး ပြီးခဲ့ သည့် ၂၀၁၄ က ပွင့်လင်း အစိုးရ အဖွဲ့ဝင်ဖြစ်ရန် ဦးဆောင်ကော် မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ လုပ်ဆောင်ခဲ့သည်။ သို့သော် ယင်းအချိန်က စံသတ် မှတ်ချက်များနှင့် ပြည့်စုံမှုမရှိသ ဖြင့် အဖွဲ့ဝင် မဖြစ်ခဲ့ပေ။
ပွင့်လင်း အစိုးရအဖွဲ့ဝင်ဖြစ် ရေး အခြေခံအားဖြင့် ရမှတ် ၁၆ မှတ်လိုအပ်ပြီး ယင်းအချိန် (၂၀၁၄) က မြန်မာနိုင်ငံ၏ ရမှတ် သည် ၂ မှတ်သာရှိခဲ့ကြောင်း၊ ယင်း ၂မှတ်သည်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကို ထုတ်ပြန်ကြေညာနိုင်သဖြင့် ရရှိကြောင်း ဦးခင်မောင်တင်က ပြောသည်။
သို့သော် ၂၀၁၆ အစိုးရသစ် တက်လာသည့်အခါ ယင်း ဦး ဆောင်ကော်မတီနှင့် လုပ်ငန်း ကော်မတီများကို သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖျက်သိမ်းခဲ့သည်။
‘‘ပယ်ဖျက်ပြီး၊ ဖျက်သိမ်းပြီး၊ ပျက်ပြယ်ပြီးဖြစ်တဲ့ ကိစ္စရပ်များ ကို ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်တဲ့အတွက် အစီအစဉ်မရှိပါကြောင်း ဖြေ ကြားအပ်ပါတယ်’’ဟု ဦးခင် မောင်တင်က ပြောသည်။
လက်ရှိ အစိုးရအနေဖြင့် အဆိုပါ ပွင့်လင်းအစိုးရ အဖွဲ့ဝင် ဖြစ်ရေး လုပ်ငန်းစဉ်ကိုဆက်လက် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏ ပုံရိပ်ခုန်တက်သွားမည်ဖြစ်ကြောင်း မေးခွန်းမေးမြန်းသည့် ဦးစိုးသိန်း က ပြောသည်။
‘‘ငါတို့ လာဘ်မစားဘူး။ ငါတို့ ပွင့်လင်းတဲ့အစိုးရဖြစ် အောင် လုပ်မယ်ဆိုရင် လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအစိုးရရဲ့ ပုံရိပ်က ခုန်တက် သွားလိမ့်မယ်။ ဒါကြောင့် လုပ်ပါ လား။ လုပ်မလားလို့ မေးခြင်းဖြစ် ပါတယ်’’ဟု ၎င်းကပြောသည်။
လက်ရှိ အစိုးရအနေဖြင့် ပွင့်လင်း အစိုးရအဖွဲ့ဝင် ဖြစ်ရေး ဆောင်ရွက်ခြင်းမရှိဘဲ ယင်းစံ သတ်မှတ်ချက်များကို လုပ် ဆောင်နေသည်နှင့် ကမ္ဘာ့အ လယ်တွင် နိုင်ငံ၏ပုံရိပ် တက် လာမည်မဟုတ်ကြောင်း ဦးစိုး သိန်းက ထောက်ပြသည်။
မြန်မာနိုင်ငံအနေဖြင့် ပွင့် လင်း အစိုးရအဖွဲ့ဝင်ဖြစ်ရေး မ လုပ်ဆောင်သော်လည်း ဘဏ္ဍာ ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိ ရေး ဘဏ္ဍာနှစ်အလိုက် ရသုံးခန့် မှန်းခြေ ငွေစာရင်းအချက်အလက် များ ထုတ်ပြန်ခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာ ကိန်းဂဏန်းများ ထုတ် ပြန်ခြင်းတို့ ဆောင်ရွက်နေ ကြောင်း ဦးခင်မောင်တင်က ရှင်း ပြသည်။
သတင်းအချက်အလက် ရရှိ ရေး နိုင်ငံပိုင်ရုပ်သံများ၊ သတင်း စာများမှတစ်ဆင့် ထုတ်ပြန်နေ ကြောင်း ၎င်းကပြောသည်။
ပွင့်လင်း အစိုးရအဖွဲ့သို့ ကမ္ဘာ့နိုင်ငံ ၆၀ ခန့် ဝင်ရောက်ဆဲ ဖြစ်ပြီး အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ သည် အစောဆုံး ဝင်ရောက်သည့် နိုင်ငံများဖြစ်ကြောင်း ဦးခင်မောင် တင်က ပြောသည်။
7Day







0 comments:
Post a Comment