Tuesday, October 2, 2018

9 Air လေကြောင်းလိုင်းမှ ကွမ်ကျိုး - မန္တလေး ခရီးစဉ် စတင်ပြေးဆွဲ


တရုတ်နိုင်ငံအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် 9 Air သည် တရုတ်နိုင်ငံကွမ်ကျိုးပြည်နယ် (Guang Zhou) မှ မြန်မာနိုင်ငံ မန္တလေးသို့ လေကြောင်းခရီးစဉ်သစ်ကို အောက်တိုဘာလ ၂ ရက်နေ့က စတင်ပြေးဆွဲ ခဲ့ကြောင်းသိရသည်။ 
9 Air လေကြောင်းလိုင်းအနေဖြင့် တရုတ်နိုင်ငံအတွင်း လေကြောင်းခရီးစဉ်များကို ပြေးဆွဲလျှက်ရှိရာမှ ပထမဆုံး ပြည်ပလေကြောင်းလိုင်းအဖြစ် ကွမ်ကျိုး - မန္တလေး ခရီးစဉ်ကို စတင်ပြေးဆွဲခြင်းဖြစ်ကြောင်း ဒုတိယ ခရီးစဉ်အဖြစ် ကွမ်ကျိုး - ရန်ကုန် ခရီးစဉ်အား အောက်တိုဘာလကုန်ပိုင်းတွင် ပြေးဆွဲသွားမည်ဟု 9 Air လေကြောင်းလိုင်းမှ ဥက္ကဋ္ဌ Ji ,Guangping ကဆိုသည်။ 

ယခုကဲ့သို့ ပြေးဆွဲရခြင်းသည် မြန်မာ- တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးလာစေရန်နှင့်နှစ်နိုင်ငံ ယဉ်ကျေးမှုများနှင့် သဘာဝ အလှများကို လေ့လာနိုင်စေရန်အတွက် ဖြစ်ကြောင်းသိရသည်။ 

ကွမ်ကျိုး - မန္တလေး လေကြောင်းခရီးစဉ် စတင်ပြေးဆွဲခြင်းအတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မန္တလေးအပြည်ပြည်လေဆိပ်တွင် ပြုလုပ်ခဲ့သည်။ယခင်က တရုတ်နိုင်ငံ ကူမင်းမြို့ မှ မန္တလေးမြို့သို့ တိုက်ရိုက် ခရီးစဉ်တစ်ခုသာရှိခဲ့ပြီး ယခုအခါ ကွမ်ကျိုး - မန္တလေး ခရီးစဉ် အသစ်ထပ်မံရှိလာခြင်းဖြစ်ကြောင်း ယခုခရီးစဉ် ကို တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ) 

0 comments:

Post a Comment