Tuesday, October 30, 2018

မော်လမြိုင်တန်ဖိုးသင့်အိမ်ရာများ ကျပ်သိန်း ၂၀ဝ ဝန်းကျင်ဖြင့် လာမည့်နှစ်ဆန်းပိုင်း၌ ရောင်းချမည်



မွန်ပြည်နယ် မော်လမြိုင်မြို့ ကြာအင်းကျေးရွာ၌ တည်ဆောက်ထားသည့် တန်ဖိုးသင့်အိမ်ရာများကို ကျပ်သိန်း ၂၀ဝ ဝန်းကျင်ဖြင့် လာမည့်နှစ် ဆန်းပိုင်းတွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
လဆန်းပိုင်း

လက်ရှိတွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးထားသော်လည်း လမ်းပန်းဆက်သွယ်ရေးအဆင်ပြေအောင် ဆောင်ရွက်ရန် ကျန်ရှိနေသဖြင့် လာမည့်နှစ်ဆန်းပိုင်းမှသာ ရောင်းချနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့် အောင်က "အိမ်ရာမရှိတဲ့သူတွေကို ဦးစားပေးရောင်းမယ်။ ပင်စင်စား တွေ၊ ပင်စင်ယူခါနီးလူတွေကို ဦးစားပေးရောင်းချပေးဖို့ရှိတယ်" ဟု ပြောဆိုသည်။

တိုက်ခန်းဈေးနှုန်းများမှာ အပေါ်ဆုံးထပ် ကျပ်သိန်း ၁၈၀ မှစတင်ပြီး ဒုတိယထပ်၊ ပထမထပ်နှင့် မြေညီထပ်တို့ကို ကျပ်သိန်း ၂၀ဝ၊ ၂၁၀ နှင့် ၂၃၀ ဖြင့် အသီးသီးရောင်းချပေးရန်ရှိကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောဆိုသည်။

တန်ဖိုးသင့်

ကြာအင်းတန်ဖိုးသင့်အိမ်ရာတွင် တိုက်ခန်းပေါင်း ၂၅၆ခန်းရှိပြီး ပေ ၆၀ဝ ကျော် ကျယ်ဝန်းကြောင်း သိရသည်။ ထို့အပြင် သံဖြူဇရပ် မြို့နယ်နှင့် ကျိုက်မရောမြို့နယ် အပါအဝင် မွန်ပြည်နယ်တွင် တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းပေါင်း ၄၆၇၂ ခန်း ဆောက်လုပ်ရန်လည်းရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း လက်ထက်ကလည်း ကျပ်သိန်း ၅၀ ဝန်းကျင် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်နှောင့်နှေးကြန့်ကြာခဲ့ပြီး ယခင်အစိုးရ လက်ထက်က မော်လမြိုင်မြို့ သီရိမင်္ဂလာ တန်ဖိုးသင့်အိမ်ရာစီမံကိန်းကို ကျပ်သိန်း၁၂၀ မှ စတင်ရောင်းချပေးခဲ့သည်။

Myanmar Time




0 comments:

Post a Comment