Tuesday, October 30, 2018

ဖိလစ်ပိုင်မှာ ကလေးသူငယ်လိင်အနိုင်ကျင့်မှုကို အွန်လိုင်းကတိုက်ရိုက်ပြသမှု တိုးပွားလာနေ


ဗစ်တာလော်ရန်ဇိုဟာ သူ့ဘဝအချိန်အများစုကို ရာဇဝတ်ကောင်တွေချေမှုန်းရင်း၊ သူတို့ရဲ့ သားကောင်တွေကို ကူညီရင်းနဲ့ ကုန်ဆုံးခဲ့ပါတယ်။ နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ တရားဥပဒေဘက်တော်သားတစ်ဦး အတွက် ဒီဖြစ်ရပ်အများစုဟာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။
ဒါပေမဲ့ ဖိလစ်ပိုင်ရဲ့ ဆိုက်ဘာစုံစမ်းစစ်ဆေးရေး ဝါရင့်အရာရှိတွေ ဖော်ထုတ်ဖို့ အခက်အခဲဖြစ်နေတဲ့ ရာဇဝတ်မှုတစ်ခုလည်း ရှိနေပါသေးတယ်။
"ဖြစ်စဉ်တိုင်းက ရှော့ခ်ရစရာတွေကြီးပဲ" လို့ လော်ရန်ဇို က Taft ရိပ်သာလမ်းမှာရှိတဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ဆိုက်ဘာရာဇဝတ်မှုဌာနခွဲရုံးမှာ ပြောပါတယ်။
"ခင်ဗျာကိုယ်ခင်ဗျား စိတ်ထိခိုက်မှု ခံစားချက်တွေကို ထိန်းချုပ်ဖို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားနေပါစေ၊ ခင်ဗျား စိတ်မထိန်းနိုင်ပါဘူး။ ကင်မရာတစ်ခုအရှေ့မှာ ကလေးတွေက တိုက်ရိုက်ထုတ်လွှင့်မှုကနေ လိင်ဖျော်ဖြေနေတာကို တွေ့ရတဲ့အချိန်တိုင်းမှာ ကျွန်တော်တို့ အရမ်းကို နာကျင်ခံစားရတယ်"
လော်ရန်ဇိုဟာ ကလေးသူငယ်ဆိုက်ဘာလိင်မှုဖြစ်ရပ်တွေ တိုးပွားလာတာကို ရည်ညွှန်းခဲ့ပြီး ကလေးတွေကိုသာ ကာမစိတ် တိမ်းညွှတ်မှုရှိသူတွေက နိုင်ငံရပ်ခြားကနေ ဒေသတွင်းက လူကုန်ကူးသူတွေကို ပိုက်ဆံပေးပြီး ကလေးတွေကို ဗလက္ကာရ ပြုလုပ်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြသကာ စော်ကားကြတယ်လို့ဆိုပါတယ်။
နှိမ်နင်းမှုတွေ များစွာရှိနေပေမဲ့ ဖိလစ်ပိုင်မှာ သည်ဆိုက်ဘာလိင်မှုလုပ်ငန်းရဲ့ ခေတ်မီဆန်းပြားမှုနဲ့ ငွေဝင်လမ်းဖြောင့်မှုက လုပ်ငန်းကိုဆက်လက် ကြီးထွားစေပါတယ်။ နိုင်ငံတကာတရားမျှတရေးမစ်ရှင်အဖွဲ့(IJM) အဆိုအရ ဖိလစ်ပိုင်မှာ ဆိုက်ဘာလိင်မှုကိစ္စနဲ့ ဆက်စပ်တဲ့ ကယ်ဆယ်ရေးနဲ့ ဖမ်းဆီးထားမှုတွေက ၂၀၁၅ ခုနှစ်မှာ ၁၇ မှု ရှိရာကနေ ၂၀၁၈ ခုနှစ်ရဲ့ ပထမကိုးလအတွင်းမှာ ၅၁ မှုအထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ သားကောင်တွေရဲ့ အသက်အရွယ် ကလည်း ပိုမိုလျော့ကျလာပါတယ်။ အများစုက ၁၂ နှစ်နဲ့ ၁၂ နှစ်အောက်တွေဖြစ်ပြီး တစ်ယောက်ကတော့ ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပါတယ်
"ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဟာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် တစ်ယောက်နဲ့ တစ်ယောက် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုကို လုပ်ဆောင်ပြဖို့ တွန်းအားပေးခံရပြီး လူကြီးတစ်ယောက်က ဗလက္ကာရပြုကျင့်တာ ဒါမှမဟုတ် အခြား အရှက်ရစေမယ့်နည်းလမ်းတွေနဲ့အနိုင်ထက်ပြုကျင့်နေကြပါတယ်" လို့ IJM ဖိလစ်ပိုင်ရဲ့ နိုင်ငံအဆင့်ဒါရိုက်တာဖြစ်သူ ဆမ်အင်နိုဆမ်စီယိုက ပြောခဲ့ပါတယ်။ သူ့ရဲ့ အေဂျင်စီဟာ ၂၀၁၆ ခုနှစ်ကတည်းကစပြီး ဆိုက်ဘာလိင်မှု၊ လူကုန်ကူးမှု တွေကို တိုက်ဖျက်ဖို့ ဖိလစ်ပိုင်ကို အကူအညီပေးခဲ့ပြီး ရဲတွေက သံသယရှိသူ ၁၀၀ နီးပါးဖမ်းဆီးနိုင်ခဲ့ပြီး သားကောင် ၃၇၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပါတယ်။





0 comments:

Post a Comment