ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်မြို့နယ်များ တွင် လိုက်လံမဲဆွယ်ဟောပြောပေးလျက်ရှိနေသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် အောက်တိုဘာ ၂၉ ရက် နံနက်က ရန်ကုန်မြို့တာမွေမြို့နယ် မဲဆန္ဒနယ်၌ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအတွက်တာေ မွမြို့နယ်တွင် လာရောက်မဲဆွယ်ဟောပြောပေးခဲ့ သည်။
ဥက္ကဋ္ဌ၏ မဲဆွယ်ဟောပြောမှုနှင့် လူထုတွေ့ဆုံပွဲကို တာမွေမြို့နယ်အနောက် မြင်းပြိုင်ကွင်းလမ်းရှိဟစ် တိုင်ကွင်း၌ နံနက် ၈ နာရီတွင်စတင်ပြုလုပ်ခဲ့ပြီး ပါတီဝင်အများအပြား က ပါတီဆိုင်းဘုတ်များ၊ ပါတီအင်္ကျီများ ဆင်တူဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည်။
မဏ္ဍိုင်သုံးရပ် ထိန်းကျောင်းနိုင်မှု အလွန်တရာအားနည်းနေပြီးအားနည်းနေသည့် လွှတ်တော်ကိုထိန်းကျောင်းချင်သည့် စေတနာ၊ ကြားဖြတ်ရွေးကောက်ပွဲကို ကြီးကြပ်မည့်ဒိုင်လူကြီးများ၏ ကြီးကြပ်မှုနှင့် အဆုံးအဖြတ်များက ဥပဒေနှင့် မည်မျှညီညွတ်ပြီး မျှတမှုရှိသည်ကို ဆန်းစစ်ချင်သည့်အချက်နှင့် ပြည်သူ အားထားရမည့်ပါတီအဖြစ် ပြည်ခိုင်ဖြိုးရှိနေသည်ကို သိစေလိုခြင်း စသည့်အချက်များကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုသည်။
”မဲပေးလိုက်တဲ့ ပြည်သူလူထုကို အလေးထားတဲ့ အရည်အချင်းနဲ့ပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်း၊ကျောထော က်နောက်ခံပြုတဲ့ ပါတီကလည်းပဲ နိုင်ငံသားများရဲ့ ဇာတိဂုဏ်နဲ့အမျိုးဂုဏ် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဘ၀လုံခြုံစိတ်ချမှု၊လွတ်လပ်ပျော်ရွှင်မှုတွေကို အာမခံနိုင်မယ့် ပါတီမျိုးကိုရွေးချယ်နိုင်ဖို့လည်း လိုအပ်တယ်”ဟု၎င်းက ပြောဆိုသည်။
တာမွေလူထုတွေ့ဆုံပွဲသို့ ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်၊ဦးလှသိန်း ၊ ဒေါက်တာပွင့်ဆန်း၊ ဦးပိုက်ထွေးတို့အပါအ၀င် တိုင်းဒေသ ကြီးနှင့်မြို့နယ်ကော်မတီဝင် အင်အား ၃၀၀၀ခန့် တက်ရောက်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ၁၃နေရာအနက် ၁၀ နေရာ၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်စသည့် တိုင်းရင်းသားဒေသများတွင် ယှဉ်ပြိုင်ခြင်းမရှိဟု ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ မြို့အားလုံးကို လွှမ်းခြုံနိုင်ခြင်းကြောင့် ယနေ့အထိ အကြီးမားဆုံးနိုင်ငံရေးပါတီ အဖြစ် ရှိနေပြီး တိုင်းရင်းသားဒေသများတွင်လည်း ဒေသခံတိုင်းရင်းသားများကို ပါတီအားဦးဆောင်စေကြောင်း ၎င်းကပြောဆိုသည်။
”အဲဒီလို ဖွဲ့စည်းထားနိုင်တဲ့တိုင်အောင် အဲဒီတိုင်းရင်းသား နယ်မြေတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီ အမည်တပ်ထားတဲ့ ပါတီတွေ အနိုင်ရရင်သူတို့အတွက် ပိုပြီးတော့ ဂုဏ်သိက္ခာရှိမယ်လို့ သုံးသပ်ယူဆတဲ့အတွက် ကျွန်တော်တို့ဝင်မပြိုင်ဘဲနဲ့တိုင်းရင်းသားပါတီများကို အခွင့်အရေးပေးခဲ့ခြင်း၊ နေရာပေးခဲ့ခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။







0 comments:
Post a Comment