Tuesday, October 2, 2018

ရွှေသောင်ယံမြို့နယ်၊ တပင်မှော်ကျွန်းအနီး၌ သစ်မှောင်ခိုလှေတစ်စင်း ဖမ်းဆီးရမိ



ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ဝ ရက် နံနက် ၇ နာရီခွဲတွင် တပင်မှော်ကျွန်း၏ အနောက်ဘက် ရေမိုင် ၁ ဒသမ ၂ မိုင်ခန့်အကွာ၌ မြောက်မှတောင်သို့ ခုတ်မောင်းနေသည့် မသင်္ကာဖွယ် စက်လှေတစ်စင်း တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၄၅ ပေ၊ အနံ ၁၂ ပေနှင့် ရေစူး ၆ ပေခန့်ရှိ တရားမဝင်သစ်မှောင်ခိုလှေတစ်စင်းကို တွေ့ရှိရပြီး လှေပေါ်၌ ဦးအုန်းဝေ(ဘ)ဦးဟန်မြင့်၊ ဦးကျော်ဝင်းထွဋ် (ဘ)ဦးသိန်းမောင်၊ ဦးနေလင်းအောင်(ဘ) ဦးသိန်းနိုင်နှင့်ဦးငကို(ဘ)ဦးသိန်းတို့ကို တရားမဝင်သယ်ဆောင်လာသည့် တောသစ်ခွဲသားဆိုဒ်စုံ ၁ဝ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
အဆိုပါ စက်လှေ၊သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ဟိုင်းကြီးကျွန်း မြို့ရဲစခန်းနှင့် သစ်တော ဦးစီးဌာနသို့ စနစ် တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


မြဝတီ 

0 comments:

Post a Comment