ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲတွင် ပွေးထူကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင်ရွှေတူးဖော်ရန် အသုံးပြုသည့် တစ်လုံးထိုးအင်ဂျင် ငါးလုံး၊ နှစ်လုံးထိုးအင်ဂျင် တစ်လုံး၊ အရှည် ၁၂ ပေ၊ လုံးပတ် ၅ လက်မ ခန့်ရှိ သံပိုက်လုံး လေးလုံး၊ အရှည် ၁၂ ပေ၊ လုံးပတ် ၅ လက်မခန့်ရှိ ပိုက်ပျော့ခွေနှစ်ခွေ၊ ရေခရုနှစ်လုံးနှင့် အရှည်ပေ ၅ဝ ခန့်ရှိ သံဆိုင်းကြိုးနှစ်ချောင်း တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
အလားတူ နံနက် ၉ နာရီခန့်တွင် ရမ်းဘိုကျေးရွာ၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့် အကွာရှိနေရာမှ တရားမဝင် ရွှေတူးဖော်ရာ တွင်အသုံးပြုသည့် တစ်လုံးထိုး အင်ဂျင် လေးလုံး၊ အရှည် ၁၈ ပေ၊ လုံးပတ် ၅ လက်မခန့်ရှိ သံပိုက်လုံးလေးလုံး၊ အရှည်ပေ ၅ဝ၊ လုံးပတ်၅ လက်မခန့်ရှိ ပိုက်ပျော့ခွေလေးခွေ၊ ရေခရုလေးလုံးနှင့် ချိန်းဘလောက် နှစ်ခုတို့ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
.
မြဝတီ








0 comments:
Post a Comment