ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ ၂၀၁၆-၂၀၁၇ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းရရှိ ငွေတွင် ငွေကျပ် ၇၁ ဘီလီယံရရှိမည်ဖြစ်ကြောင်းသတ်မှတ်ထားသော်လည်း လက်ရှိ စည်ပင်သာယာရေးကော်မတီကော်မတီထံမှရရှိသည့် ငွေလုံးငွေရင်းရရှိငွေသည် ၃၀ဘီလီယံကျော်လျော့နည်းရရှိမှုရှိကြောင်း လသာမဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဝင်းနိုင်က ပြောကြားသည်။
“၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းလျော့ခြင်းပါ။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရဲ့ငွေလုံးငွေရင်းရငွေဟာ ၇၁ ဘီလီယံကျော်ရရှိမယ်လို့ဖော်ပြထားပါတယ်။အမှန်တကယ်ရရှိတော့ ၄၁ ဘီလီယံကျော်ဘဲရရှိတယ်။ဘီလီယံ ၃၀ ကျော်လောက်လျော့နည်းရရှိပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းနိုင်က ပြောကြားသည်။
ယနေ့ပြုလုပ်သည့်ုဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လသာမဲဆန္ဒ နယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းနိုင်က ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ် ချုပ်၏ ၂၀၁၆-၂၀၁၇ခု၊ဘဏ္ဍာနှစ်စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့ လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာနှင့်ပတ်သက်၍ တတိယမြောက်နေ့ဆွေးနွေးမှုတွင် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဌာနများမှနိုင်ငံတော်အတွက်ရရှိမည့် ငွေလုံးငွေရင်းရရှိမှုရန် သတ်မှတ်ထားသည့်ငွေပမာဏအနက် ကော်မတီက ၂၀၁၆-၂၀၁၇ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ၇၁ ဘီလီယံရရှိမည်ဖြစ် ကြောင်း သတ်မှတ်ထားသော်လည်း ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်းရရှိမှု ၄၁ ဘီလီယံသာရရှိခဲ့ပြီး ငွေလုံးငွေရင်းအဓိကလျော့နည်းရရှိမှုသည် ရွှေပိတောက်ငါးဈေး၊ရာပြည့်ဈေးနှင့် သီရိ ရတနာလက္ကားဈေးများရှိ ဆိုင်ခန်းများမရောင်းရခြင်း၊စီမံကိန်းများနောက်ကျခြင်းကြောင့် တိုက်ခန်းများရောင်းချ နိုင်မှုမရှိခြင်းနှင့်မြေကွက်များဖော်ထုတ်ရောင်းချနိုင်မှုမရှိခြင်းများဖြစ်ကြောင်း တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏အ စီရင်ခံစာတွင်ဖော်ပြထားသည်။
နိုင်ငံတော်ဘဏ္ဍာအတွက် ငွေလုံးငွေရင်းလျော့နည်းရရှိမှုမှအနက် တာမွေမြို့နယ်ရှိ ရာပြည့်ဈေးသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးနှင့်ကုမဏီတို့အကျိုးတူတည်ဆောက်မှုများလုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ဈေး၏ တည်ဆောက်မှုသည် ၃၀ရာခိုင်နှုန်းသာတည်ဆောက်ပြီးစီးသည့်အခြေအနေသာရှိပြီး ဆက်လက်ဆောက်လုပ် နိုင်ခြင်းမရှိဖြစ်ပေါ်နေသည့်အတွက် အခြားလုပ်ဆောင်နိုင်မည့်ကုမ္ပဏီများဖြင့်ဆက်လက်လုပ်ကိုင်ရန် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စာလှယ်က ၄င်းဆွေးနွေးမှု၌တိုက်တွန်းခဲ့သည်။
The Fifth Wave News

No comments:
Post a Comment