Tuesday, October 2, 2018

ပေါင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ပေါင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက်နေ့ ၁၅၂၀ အချိန် သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ မုတ္တမကျေးရွာ၊ မေတ္တာမွန်ရပ်ကွက် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမဘေးရှိ ရွှေရည်ဖူးသစ် စားသောက်ဆိုင်၊ အခန်းအမှတ်(R-1)အား ရှာဖွေရာ အခန်းအတွင်း ဇော်မင်းထွေး(ခ)ဝတုတ်နှင့် ချမ်းလွန်း တို့အားတွေ့ရှိရပြီး ဇော်မင်းထွေး(ခ)ဝတုတ်ထံမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက် စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၆၀၀ ပြား၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ၎င်းတို့စီးနင်းလာသည့် မော်တော်ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းထွေး(ခ) ဝတုတ်(၃၈)နှစ်နှင့် ချမ်းလွန်း(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

The Ladies News

No comments:

Post a Comment