Tuesday, October 2, 2018

ရန်ကုန်ရှိ လစ်လပ်နေသော ကျပ်သိန်းထောင်ချီတန် လယ်မြေများကို စနစ်တကျစီမံမည်ဟု ဦးဖြိုးမင်းသိန်းပြော



ရန်ကုန်မြို့ပြဧရိယာအတွင်း စိုက်ပျိုးခြင်းမရှိဘဲ လစ်လပ်နေသည့် ကျပ်သိန်း ထောင်ချီတန် လယ်ယာမြေများကို စနစ်တကျ စီမံထိန်းညှိဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။ 
‘‘လယ်ယာမြေ စနစ်တကျစီမံခန့်ခွဲနိုင်မှုတွေကို လုပ်မယ်ဆိုရင်တော့ မြေရဲ့တန်ဖိုးဟာလည်း စနစ်တကျဖြစ်လာနိုင်ပါတယ်။ အခုဟာက တချို့လယ်မြေတွေက သိန်းရာနဲ့ချီ၊ ထောင်နဲ့ချီတန် နေတယ်ဆိုတာက လယ်အတွက် ကတော့ ဘယ်သူမှ ဝယ်မှာမဟုတ်ပါဘူး။ 
ဒါကြောင့်မို့ မြေတွေရဲ့ ဖွံ့ဖြိုးတိုး တက်လာနိုင်မှုနဲ့ မြေရဲ့တန်ဖိုးကို စနစ်တကျထိန်းညှိနိုင်ဖို့အတွက် ဒီမြေယာမူဝါဒတွေ၊ အသုံးချမှု မူဝါဒတွေဟာ ကျွန်တော်တို့နိုင်ငံ ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်’’ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဆိုသည်။ 

အောက်တိုဘာ ၂ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းစင်တာ(၂)တွင် ကျင်းပသော မြေအသုံးချမူဝါဒ ဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနား အပြီး ခေတ္တရပ်နားစဉ် မီဒီယာ များ၏မေးမြန်းမှုကို ၎င်းက အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။ 

‘‘တချို့စည်ပင်သာယာနယ် နိမိတ်မြို့နယ်တွေမှာဆိုရင် မြေ တွေဟာ ကိုင်ထားပြီးတော့ စိုက် ပျိုးမှုမရှိဘဲနဲ့ လပ်နေတဲ့မြေတွေ ဖြစ်နေတာတွေရှိပါတယ်။ ဒါတွေ ကိုလည်း စနစ်တကျစီမံခန့်ခွဲသွား ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။ 

ရန်ကုန်နယ်နိမိတ်မြို့နယ် များအတွင်း လက်ရှိစိုက်ပျိုးနေ သော မြေနေရာများတွင် အခြား တွက်ခြေကိုက်၍ ပြည်ပတင်ပို့နိုင် မည့်သီးနှံများ ပြောင်းလဲစိုက်ပျိုး ခွင့်ရရေးလည်း ကြိုးပမ်းဆောင် ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။ 

‘‘ပြီးရင် မြေစနစ်တကျစီမံ ခန့်ခွဲမှုကို ကျွန်တော်တို့ဆောင် ရွက်ရပါမယ်။ မြေစီမံခန့်ခွဲရေး ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရေးအကြီးဆုံးကဏ္ဍတစ်ခုမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆို တချို့နေရာတွေက စိုက်ပျိုးရေး အတွက် သင့်တော်တယ်။ တချို့ နေရာတွေက ဆည်ရေသောက် ဧရိယာတွေဖြစ်တယ်။ တချို့နေ ရာတွေကတော့ စိုက်ပျိုးရေးအ တွက် မသင့်တော်ဘူး။ မြို့ပြစီမံ ကိန်းတွေ ဆောင်ရွက်မယ်။ စက် မှုဇုန်တွေ ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်သင့်တဲ့နေရာတွေရှိ မယ်။ တချို့နေရာတွေက လမ်း ပန်းဆက်သွယ်ရေးအတွက် ရန် ကုန်ရဲ့ Master Plan စီမံခန့်ခွဲရ မှာမျိုးတွေ ရှိပါမယ်’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

ထို့အပြင် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏နည်းပညာ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့ပြမြေ ပုံကို ရေးဆွဲနေသည်ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။ 

‘‘ကျွန်တော်တို့တိုင်းအတွင်း မှာတော့ မြေကို တခြားနည်းလမ်း သုံးစွဲဖို့ ကိစ္စရပ်တွေ၊ မြို့ပြစီမံ ကိန်းတွေနဲ့ပတ်သက်ပြီး ဆောင် ရွက်နေတာတွေ၊ စိုက်ပျိုးရေး ကဏ္ဍနယ်ပယ်တွေမှာ အသုံးပြုနေတာတွေ၊ တချို့ကိစ္စရပ်တွေမှာ မြေကို စနစ်တကျ သုံးစွဲနိုင် ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ကြောင့် ရန်ကုန်မှာ မြေပုံလုပ်နေ ပါတယ်။ ကျွန်တော်တို့တိုင်းဒေသ ကြီးရဲ့မြေပုံပေါ့။ ဒီမြေပုံကို တ ကယ်ကို စနစ်တကျဆောင်ရွက် ဖို့ ကြိုးစားနေပါတယ်’’ဟု ဝန်ကြီး ချုပ်က ပြောသည်။


7Day


No comments:

Post a Comment