Wednesday, October 3, 2018

ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပစ်ရပ်အဖွဲ့ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမည် ထိပ်သီးခေါင်းဆောင် ၂၀ ဦး တွေ့ဆုံပွဲ ယခုလလယ်ပိုင်းတွင် အညာဒေသ၌ ကျင်းပနိုင်ဖွယ်ရှိ


ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ပိုမိုအဆင်ပြေစွာ ဆောင်ရွက် နိုင်ရေး ပြုလုပ်မည့်ထိပ်သီးခေါင်း ဆောင် ၂၀ ဦးတွေ့ဆုံပွဲသို့ အစိုးရ ဘက်မှ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ တက်ရောက်မည်ဖြစ် ကြောင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်အချို့က ပြောသည်။ 
အစိုးရ၊ လွှတ်တော်၊ တပ်မ တော်ထိပ်သီးခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ထိပ်သီးခေါင်းဆောင် ၁၀ ဦး တွေ့ဆုံပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်ရန် အစိုးရဘက် က အဆိုပြုထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။ 

ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO)ဦးဆောင်နာယက ဗိုလ် မှူးကြီး ခွန်ဥက္ကာက ‘‘ကျွန်တော်တို့ အနေနဲ့ ထိပ်သီးတွေ တွေ့ချင် တယ်လို့ တောင်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၃ရက်ကတည်းက သဘောတူထားတဲ့ကိစ္စ။ တပ်မတော်ကလည်း အခု သဘောတူလာတယ်ဆို တော့ ပိုကောင်းသွားတာပေါ့ဗျာ။ တော်တော်လေး ပြည့်ပြည့်စုံစုံဖြစ် သွားတာပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တက်မယ်လို့ ပြောပါတယ်’’ ဟု ပြောသည်။ 

ယင်းထိပ်သီးတွေ့ဆုံပွဲဖြစ် ပေါ်ရေး အစိုးရ၊ လွှတ်တော်၊ တပ်မတော်ညှိနှိုင်းရေး ကိုယ်စား လှယ်များနှင့် NCA လက်မှတ်ထိုး အဖွဲ့ညှိနှိုင်းရေးကိုယ်စားလှယ် များသည် အောက်တိုဘာ ၁ ရက် နှင့် ၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ ဆုံဆွေးနွေးခဲ့သည်။ 

NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်နေ့ဖြစ်သော ယခုလ ၁၅ ရက်တွင် သုံးနှစ်ပြည့်ပွဲအစား အဓိပ္ပာယ်ပြည့်ဝသည့် ထိပ်သီး ဆွေးနွေးပွဲပုံစံ ကျင်းပနိုင်ဖွယ်ရှိ သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ 

အောက်တိုဘာ ၁၅ ရက် တွင် တွေ့ဆုံရန် အစိုးရ၏အဆို ပြုချက်နှင့်ပတ်သက်၍ NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနက် ကိုးဖွဲ့က သဘောတူထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကျင်းပမည့် နေရာနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာ က ‘‘ညောင်ဦး၊ ပုပ္ပားဘက်ပိုပြီး တော့ နီးစပ်ပါတယ်။ သိပ်လည်း သွားရတာမဝေးဘူး။ အေးအေး ဆေးဆေးလည်းရှိတယ်။ အကြီး အကဲတွေအားတဲ့အချိန်နဲ့ အကြီး အကဲတွေ အဆင်ပြေတဲ့ အချိန် ပေါ့။ ဒါက ပြည်ထောင်စုအစိုးရ က ဖိတ်ခေါ်ရင် ဘယ်နေရာခေါ် ခေါ် ကျွန်တော်တို့က လိုက်မှာပဲ’’ ဟု ပြောသည်။ 

ပုပ္ပားဒေသသို့ ရွေးချယ်ရန် လျာထားမှုနှင့်ပတ်သက်ပြီး ဦးမျိုး ဝင်းအား မေးမြန်းရာ နေရာနှင့် ကျင်းပမည့်ရက် အတည်မပြုနိုင် သေးသော်လည်း ခေါင်းဆောင် များ အေးအေးဆေးဆေးဆွေးနွေး နိုင်မည့် ပတ်ဝန်းကျင်အခင်းအ ကျင်းမျိုး ဖန်တီးရန် စဉ်းစားချက် များရှိသည်ဟုပြောသည်။ 

ထိပ်သီးဆွေးနွေးပွဲနှင့်ပတ် သက်ပြီး အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးနှင့် ငြိမ်းချမ်းရေးကော် မရှင်ထံ ဆက်သွယ်ရာ အဆက် အသွယ်မရရှိပေ။ 

တစ်နိုင်လုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တုံ့ ဆိုင်းနေသည့်အခြေအနေတွင် ထိပ်သီးခေါင်းဆောင်များ တွေ့ ဆုံပွဲမှတစ်ဆင့် အဖြေရှာနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

7Day


0 comments:

Post a Comment