Wednesday, October 3, 2018

နိုင်ငံရေးပါတီများ အခန်းငှားရမ်းခပုံမှန်မပေးမှု လွှတ်တော်တွင် မေးခွန်းထုတ်


ရန်ကုန်မြို့ပြနှင့် အိမ်ရာ ဦးစီးဌာနက နိုင်ငံရေးပါတီများ အား တိုက်ခန်းတစ်ခန်းလျှင် တစ်လကျပ်နှစ်သောင်းနှစ်ထောင်ဖြင့် ငှားရမ်းထားသော်လည်း ငှားရမ်း ခပုံမှန်မရရှိသောကြာင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လုပ်ဆောင်ရန် တိုက်တွန်းကြောင်း သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ပြောသည်။ 
အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ် တော်၌ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိ ချက်အစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်၊ သဘောထားမှတ် ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ၎င်းက ထည့် သွင်းပြောကြားခြင်းဖြစ်သည်။ 

‘‘ငှားရမ်းထားတဲ့ကိစ္စတွေ က လစဉ်ကြေးတွေ ပုံမှန်မပေး သွင်းတာတွေရှိတယ်။ ပေးသွင်းမှု နောက်ကျလို့ ဒဏ်ကြေးတွေ ဆောင်ဖို့ ပြောတဲ့အခါမှာလည်း ဒဏ်ကြေးတွေ မပေးဆောင်တာ တွေရှိတယ်။ အဲဒီအတွက်ကြောင့် ဒီလိုကိစ္စမျိုးတွေမှာ သက်ဆိုင်ရာ ဌာနအနေနဲ့ စာချုပ်ပါစည်းကမ်း ချက်အတိုင်း သုံးလအခန်းခမပေး ရင် အခန်းတွေကို ပြန်သိမ်းရမယ် ဆိုပြီး စာချုပ်ထဲမှာ ပါပါတယ်။ ဒီစည်းကမ်းချက်အတိုင်း လုပ် ဆောင်ဖို့ တိုက်တွန်းပါတယ်’’ဟု ဦးနေဘုန်းလတ်က ပြောသည်။ 

ငှားရမ်းထားသည့် စာချုပ် များတွင် ၂၀၁၉ နှင့် ၂၀၂၀ နှစ် ဆန်းပိုင်း၌ သက်တမ်းပြည့်မည့်စာချုပ်များပါဝင်ကြောင်း ၎င်းက ဆိုသည်။ 

‘‘စာချုပ်ပါ စည်းကမ်းအ တိုင်း လုပ်သင့်တယ်။ သိပ်မကြာ ခင်အချိန်မှာ ရွေးကောက်ပွဲတွေ ပြန်လာတော့မှာဆိုတော့ ပြန် လည်ငှားရမ်းတာတွေ ရှိကောင်းရှိ နိုင်တယ်။ အဲဒီအခါမှာ အရင်ငှား ထားတာတောင် အကြွေးမကျေ သေးဘဲနဲ့ ပြန်ငှားရတာတွေဖြစ် လာမယ်။ တချို့ပါတီတွေက ရုံး ခန်းတွေကို အပြင်ငှားစားတာမျိုး ဆိုရင် ပြန်စိစစ်ရမှာပေါ့’’ဟု ဦးနေဘုန်းလတ်က ဆိုသည်။  

ငှားရမ်းခပုံမှန်မပေးသည့် ပါတီများတွင် မြိုတိုင်းရင်းသားပါ တီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာ မိတ်များအဖွဲ့ချုပ်၊ ပြည်သူ့အကျိုး ပြုကျောင်းသားများဒီမိုကရေစီပါ တီ၊ ကချင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်ပါတီ၊ မြန်မာအမျိုး သားကွန်ဂရက်ပါတီ၊ မြန်မာ့လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာပြည်သူ့ပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်း ရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါ တီ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီတို့ပါဝင်ကြောင်း စာရင်းစစ် ချုပ်အစီရင်ခံစာ၌ ဖော်ပြထား သည်။ 

‘‘ကျွန်တော်တို့က ဟိုးအစ ကတည်းက အခန်းခအကြွေးကျန် ရင် ဒဏ်ငွေဆောင်ရတာပဲ၊ ပေးခဲ့ ရတာပဲ။ အခုလည်း အကြွေးက ပြီးခဲ့တဲ့တစ်လစာပဲ ကျန်တာ’’ဟု မြန်မာ့လူ့ဘောင်သစ်ဒ်ီမိုကရက် တစ်ပါတီဥက္ကဋ္ဌ ဦးဇင်အောင်က ပြောသည်။ 

အဆိုပါနိုင်ငံရေးပါတီ ၁၁ ခု ကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က စတင်ငှားရမ်းခြင်းဖြစ်သည်။ 


7Day

0 comments:

Post a Comment