ကျောက်ဖြူရေနက်စီမံကိန်းမှာ မြန်မာက ရှယ်ယာပိုင်ဆိုင်ပါဝင် လုပ်ကိုင်မှုကို မူလသဘောတူညီထားတဲ့ အချိုးအစားရာခိုင်နှုန်း ထက် ၂ဆ ပိုပေးဖို့ အစိုးရသစ်အဖွဲ့က တရုတ် နဲ့ ညှိနှိုင်းတာတွေ လုပ်နိုင်ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ယနေ့မှာ ပြောပါတယ်။
မူလက ယခင်အစိုးရလက်ထက်က တရုတ်ကုမ္ပဏီက ရှယ်ယာ ၈၅ရာခိုင်နှုန်း၊မြန်မာက ၁၅ရာခိုင်နှုန်း သဘောတူခဲ့တာကို အခု မြန်မာဘက် က ၃၀ရာခိုင်နှုန်းအထိ ပေးဖို့ တရုတ် နဲ့ ညှိနှိုင်းတာတွေ လုပ်ခဲ့တာပါ။
ကျောက်ဖြူရေနက်စီမံကိန်းရဲ့ ရင်းနှီးမြှပ်နှံမှုဟာ အမေရိကန် ၇ဘီလီယံတန်ဖိုးအထိ ရှိပြီး၊ကြီးမားတဲ့ စီမံကိန်းတစ်ခုပါ။
တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ CITICကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်သာံးဖို့ သဘောတူထားကြပါတယ်။
ရှေ့လထဲမှာ စီမံကိန်း ရဲ့ အစိတ်အပိုင်းတစ်ခုကို စတင်အကောင်အထည်ဖော်နိုင်ဖို့ရာ တရုတ်ကုမ္ပဏီ နဲ့ လက်မှတ်ရေးထိုးသွားဖို့ ရှိတယ်လို့ ဦးအောင်ထူးက ဆက်ပြောပါတယ်။
PNews








0 comments:
Post a Comment