Tuesday, October 30, 2018

မနက်က လုံးခင်းမှာ မြေစာပုံထပ်ပြိုလို့ အမျိုးသမီး ၂ ဦး ထပ်သေ



ဒီကနေ့ မနက်အစောပိုင်းက ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကထန်အနီးနားမှာရှိတဲ့ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက် စွန့်ပစ်မြေစာပုံပြိုကျမှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ လုံးခင်းအုပ်ချုပ်ရေးမှူးရုံးကနေ အတည်ပြုသိရပါတယ်။ 
အဆိုပါဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်ကဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သေဆုံးသူ အလောင်း ၂ လောင်းစလုံးကို ပြန်လည်တူးဖော်ရရှိခြဲ့ပီလို့ လုံးခင်းအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

သေဆုံးသူ ၂ ဦးဟာ ရေမဆေးတူးဖော်သူတွေမဟုတ်ဘဲ ဈေးရောင်းတဲ့အချဉ်ပေါင်းသည် အမျိုးသမီး ၂ ဦးဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုအရသိရပါတယ်။ 

ပထမ တစ်ဦးကတော့ ပင်းဘောမြို့နေ မရီဝင်းဆိုသူဖြစ်ြ့ပီး နောက်တစ်ဦးကတော့ တန့်ဆည်မြို့နေ မရွှေဝါ ဆိုသူတို့ဖြစ်တယ်လို့ လည်းစုံစမ်းသိရှိရပါတယ်။ 

အခုဖြစ်ပွားတဲ့မြေပြိုမှုဖြစ်စဉ်မတိုင်ခင် လုံးခင်းမှာ နောက်ဆုံးအနေနဲ့ ဖြစ်ပွားထားတဲ့ မြေပြိုမှုကတော့ အောက်တိုဘာ ၁၅ ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၁ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် အဆိုပါဖြစ်စဉ်တွေမတိုင်ခင်ကလည်း လုံးခင်မှာ မကြာခဏဆိုသလို မြေစာပုံပြိုကျမှုတွေရှိခဲ့ပြီး ရေမဆေးသမားတွေလည်းမကြာခဏသေဆုံးလျက်ရှိပါတယ်။ 


Photo-Tin Hlaing 
Popular News Journal 

0 comments:

Post a Comment