လွှတ်တော်ကိုယ်စားလှယ်၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဝင် ရောက်အသုံးပြုကာ ငွေချေးယူမှု များရှိခဲ့သဖြင့် ယင်းအကောင့်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အ ကောင့်ပိုင်ရှင် ဗန်းမောက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းရွှေက ပြောသည်။
အောက်တိုဘာ ၂ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဝင်ရောက်အသုံးပြု၍ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအပါအဝင် ၎င်း၏ မိတ်ဆွေများထံမှ ငွေချေးလိုကြောင်း ဆက်သွယ်ပြောဆိုကြောင်း၊ ငွေ ရယူခြင်းမရှိသော်လည်း ယင်း ကိစ္စကို ပြန်လည်ရှင်းလင်းနေရ ကြောင်း ဦးဝင်းရွှေက ပြောသည်။
‘‘အဲဒီအကောင့် စဖွင့်တုန်း က ဆိုင်မှာ သွားဖွင့်ခဲ့တာ။ ကျွန် တော့်အကောင့်ထဲမှာ ဝင်ရေးတာ ဆိုတော့ မြင်ရတယ်။ ဘယ်သူ ဘယ်ဝါတော့ မသိသေးဘူး။ ဖုန်း နံပါတ်တွေတော့ ရထားတယ်။ ငွေချေးတာ ကျွန်တော်မဟုတ်ပါ ဘူးဆိုတာ ဖေ့စ်ဘွတ်ခ်မှာ ကြေ ညာထားတယ်။ ဆက်သွယ်ရေး ကတော့ တရားစွဲဖို့ ပြောပါတယ်။ ကျွန်တော်တို့မှာ တရားစွဲဖို့ အချိန် မရှိဘူး။ အဲဒီအကောင့်ကို ဖျက်ချ လိုက်တော့မယ်’’ဟု ဦးဝင်းရွှေက ပြောသည်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အကောင့်ကို ဝင်ရောက်အသုံးပြု ၍ ငွေကြေးလိမ်လည်ပါက ဆက် သွယ်ရေးဥပဒေ ပုဒ်မဖြင့် အရေးယူနိုင်ကြောင်း၊ Wave Money ဖြင့် ငွေလွှဲပေးပို့ရန် အကြောင်း ကြားပါက ရဲတပ်ဖွဲ့သို့ ဆက်သွယ်တိုင်ကြားကာ Password ဖြင့် ခြေရာခံ၍ ငွေလိမ်ထုတ်ယူသူကို ဖမ်းဆီးအရေးယူနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်သူရိန်ထွန်းက ပြောသည်။
ဩဂုတ်လကလည်း ကံမမြို့နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးမြင့်အောင်၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဟက်၍ ၎င်း၏ မိတ်ဆွေများထံမှ မက်ဆင်ဂျာမှတစ် ဆင့် ငွေတောင်းခံသဖြင့် ဒေသခံနှစ်ဦးက ငွေလွှဲပေးရမှု ဖြစ်ပွားခဲ့ သည်။
7Day
No comments:
Post a Comment