ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ အင်းလုပ်ပိုင်ခွင့် ချထားပေးသည့် ကိစ္စတွင် အင်္ဂပူမြို့နယ် အ မှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်မှ ငွေကြေးရယူပြီး ဘက်လိုက်ဆောင်ရွက်မှုများ ရှိနေသည်ဟုဆိုကာ ကျေးရွာပေါင်း၂၈ ရွာမှ ပြည်သူများစုပေါင်းပြီး အောက်တိုဘာလ ၂ ရက်နေ့က ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ ငဝန်မြစ်ကောအင်း၊ ကညင်ညောင်ပင်အင်း၊ ပိန်းအင်းလေးအင်း၊ ကျူတောအင်း၊ ကလို အောက်ဝအင်း၊ ရေကျော်က္ကူအင်း၊ နောက်မီးချောင်းရိုးအင်း၊ နန်ကသူချောင်းရိုးအင်း၊ ကွင်းလှကညင်ပုံအင်းနဲ့ ဇလုပ်ညီနောင်အင်းစသည့် အင်းများကို လုပ်ပိုင်ခွင့် ချထားပေးရာတွင် ပါတီရုံးဆောက်လုပ်ရန် ငွေကြေးကော က်ခံခြင်း၊ ယခင်ဝန်ကြီးချုပ် ခရီးစဉ်အတွက် ငွေကြေးတောင်းခံခြင်းနှင့် ပါတီရန်ပုံငွေတောင်းခံခြင်းတို့ လုပ် ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
" အင်းလုပ်ပိုင်ခွင့်အတွက် လွှတ်တော်ကိုယ်စားလှယ်က တောင်းခိုင်းတာဆိုပြီး ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှ ယ်က လာတာင်းတာ ပိုက်ဆံ ၈ သိန်းခွဲပေးခဲ့ရတယ်။ ဒါပေမဲ့ အင်းလုပ်ပိုင်ခွင့် မရခဲ့ဘူး" ဟု နန်ကသူချောင်း ရိုး အင်းအတွက် ငွေပေးခဲ့ရသူ ဦးအောင်ဌေးဝင်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပတ်သက်၍ အင်္ဂပူမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ဘိုဘိုဇင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသွားမည်ဖြစ်ပြီး လက်ရှိတွင် ဒေသခံများ ၏ လက်မတ်များ ကောက်ခံနေကြောင်း သိရသည်။
ရဲသွေးနီ - ပုသိမ်(အကုန်သိသတင်းဌာန)


No comments:
Post a Comment