ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် အဲကမ္ဘောဇလေကြောင်းလိုင်းမှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား ပိဿာချိန် တစ်ပိဿာ လှူဒါန်းခြင်း၊ ရွှေကြာသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဆီမီး ကိုးထောင် ထွန်းညှိ ပူဇော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်း တန် ဆောင်းတွင်ကျင်းပရာ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ AIR KBZ Limited Chairman ဒေါ်နန်းလိုင်းခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြ ထားသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး AIR KBZ Limited မှ တာဝန်ရှိသူ တစ်ဦးက ရွှေစင်ရွှေပြားများ လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် AIR KBZ Limited Chairman ဒေါ်နန်းလိုင်းခမ်းက ရွှေစင်ရွှေပြားများအား ပေးအပ်လှူဒါန်းရာ ရွှေတိဂုံဂေါပကအဖွဲ့ဝင် များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
The Ladies News

No comments:
Post a Comment