Wednesday, November 28, 2018

ပုဂံ အလိုတော်ပြည့်ဘုရားပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်


ပုဂံ အလိုတော်ပြည့် ဘုရားပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။ ပွဲတော်ကို ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် အလိုတော်ပြည့် ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့ဝင်တို့ ဦးဆောင်ကာ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးအား အမြို့မြို့အနယ်နယ်မှ ဆွမ်း ၊ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး(၅၀၀၀) စီဖြင့် ဗုဒ္ဓပူဇနိယ ထီးဖြူတော်ဖွင့် အခမ်းအနားဖြင့် လှူဒါန်းပူဇော်ပြီး ပင့်သံဃာ(၅၂၈)ပါး တို့အား ငွေပဒေသာပင်များ လှူဒါန်းပူဇော်မည် ဖြစ်ကြောင်း သိရသည်။ ဘုရားပွဲတော် ရက်အတွင်း မြန်မာ့ရိုးရာအငြိမ့်၊ ဇာတ်ပွဲ၊ မီးပုံးပျံ လွှတ်တင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 
အလိုတော်ပြည့် ဘုရားအား (AD-11)ရာစုက ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့ကာ ကျန်းစစ်သားမင်း မဖြစ်မီ စစ်သူကြီးတာဝန် ထမ်းဆောင်ချိန် ထိုအရပ်ဒေသသို့ သစ္စာအဓိဋ္ဌာန်ပြုခြင်းများ အောင်မြင်ခဲ့ခြင်းကြောင့် အလိုတော်ပြည့် ဘုရား တည်ထား ကိုးကွယ်ခဲ့ကြောင်း သိရပြီး ဒုတိယအကြိမ် ပြန်လည် ပြုပြင်မွမ်းမံသူမှာ မြန်မာသက္ကရာဇ်(၅၅၆) ခုနှစ်တွင် မင်းဆရာသင်ကြီး ငတုတ်သင်မှ ပြန်လည် ပြုပြင် ထားကြောင်း အလိုတော်ပြည့် ဘုရားအ၀င် ဘယ်ဘက်ခြမ်း နံရံဆေးရေးကမ္ဗည်း ရေးထိုးထားခြင်းများအရ သိရပြီး နှစ်ကာလ ရှည်ကြာ လာသောအခါ ခြုံနွယ်မြက်ပေါင်းများ ပေါက်ရောက် အုပ်မိုးနေရာမှ အလိုတော်ပြည့် မြတ်စွာဘုရားကြီး အား ၁၃၅၄ ခုနှစ် နတ်တော်လပြည့်နေ့တွင် ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့ မဟာအောင်မြေ စာသင် တိုက်ကြီး၏ ပဓာန နာယက ဆရာတော် ဖြစ်တော်မူသော မဟာဂန္တ၀ါစက ပဏ္ဍိတ ကမ္မဌာနာစရိယ နယ်လှည့် ဓမ္မကထိက နယ်စပ်ဒေသ သာသနာပြုဆရာတော် ဘဒ္ဒန္တအရိယ၀ံသ မထေရ်မြတ်သည် တိမ်မြုပ်နေသော ရှေးဟောင်း အမွေအနှစ် အလိုတော်ပြည့် မြတ်စွာဘုရားကြီးအား ဦးဆောင်ကာ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်း ပြန်လည် ပြုပြင်တော်မူပြီး ဆရာတော်ကြီး၏ အလိုဆန္ဒအရ အလုံးစုံသော သတ္တ၀ါတို့သည် အေးချမ်သော ဆန္ဒအလို ပြည့်ဝစေခြင်းငှာ ကောင်းမြတ်သော ဆန္ဒဖြင့် သစ်သီးငါးထောင်၊ ပန်းငါးထောင်၊ ဆီမီးငါးထောင်၊ ဆွမ်းငါးထောင်၊ ရေချမ်း ငါးထောင် နံ့သာတို့ဖြင့် ပူဇော်ကာ ထီးဖြူတော်ဖွင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို ပုဂံ-ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မိထ္တီလာ၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ရေစကြို၊ ရန်ကုန်၊ မန္တလေးစသော ရပ်ဝေးရပ်နီး မြို့ကြီးများမှ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် အလုံးစုံသော သတ္တ၀ါအပေါင်း အလိုဆန္ဒ ပြည့်ဝစေခြင်းငှာ၊ ဆရာတော် ဘဒ္ဒန္တ အရိယာဝံသ ဆရာတော်ကြီး ကိုယ်တိုင် ဦးစီးတော်မူကာ ပတ္ထနာဆု အာသီသ အဓိဋ္ဌာန်ပြုကြပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနား ပြုလုပ်ခဲ့သည်ဟု ကမ္ပည်းများရေးထိုးထား သည်ကို တွေ့ရကြောင်းလည်း သိရသည်။ 

Ref : MOI 
The Ladies News



No comments:

Post a Comment