ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီသုံးခုသည် ၎င်းတို့ကို ထောက်ခံဆန္ဒမဲပေးသူများနှင့် မဲဆန္ဒရှင်များအား ကျေးဇူးတင်ကြောင်း ကြေညာချက်များကို ရွေးကောက်ပွဲအလွန် တစ်ရက်တွင် ထုတ်ပြန်သည်။
လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအနက် ခုနစ်နေရာ အနိုင်ရ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ၎င်းတို့ပါတီ၏ ကိုယ်စားလှယ်လောင်းများကို ထောက်ခံဆန္ဒမဲပေးခဲ့သည့် ပြည်သူများနှင့် ပါတီဝင်အားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန် သည်။
ဆန္ဒမဲ လာရောက်ပေးခဲ့သူ အားလုံးကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လေးစားစွာအသိအမှတ်ပြုပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ဆက်လက်ဖော်ပြသည်။
အလားတူ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ၎င်းတို့ကို ထောက်ခံဆန္ဒမဲပေးသည့် ပြည်သူလူထုအား အထူး ကျေးဇူးတင်ပါကြောင်းနှင့် အဘက်ဘက်မှ စွမ်းအားရှိသလောက် ပါဝင်ကူညီအားပေးခဲ့သည့် လူ ပုဂ္ဂိုလ်အားလုံးကို ကျေးဇူးတင် ကြောင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်သည် မန္တ လေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားလူမျိုးနေရာနှင့် လဲချားမြို့ နယ်ပြည်သူ့လွှတ်တော်နေရာတို့ တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လဲ ချား၌ အနိုင်ရခဲ့သည်။
သို့သော် အနိုင်၊ အရှုံးရလဒ် များ မည်သို့ထွက်ပေါ်လာသည် ဖြစ်စေ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်သည် ၎င်းတို့၏ မူလရည်မှန်းချက်များအတိုင်း ဆက်လက် ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့အပြင် မတူပီ အမှတ်(၁) ၌ အနိုင်ရသော ချင်းဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်ခဲနက် ထောက် ခံမဲပေး၍ ချင်းအမျိုးသားဂုဏ်ကို မြှင့်တင်ပေးသောကြောင့် ချင်းအ မျိုးသားတစ်ရပ်လုံးကိုယ်စား အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန် သည်။
ချင်းဒီမိုကရေစီ အဖွဲ့ချုပ် သည် ၎င်းတို့ပါတီအနိုင်ရရှိရေး ဝိုင်းဝန်းကူညီသူများ၊ ရပ်မိရပ်ဖ များ၊ ဆုတောင်းပေးသူများ၊ ပါတီ ဝင်များနှင့် ချင်းအမျိုးသားဒီမိုက ရက်တစ်ပါတီ(CNDP)၊ ချင်းတိုး တက်ရေးပါတီ(CPP)တို့မှ လုပ် ဖော်ကိုင်ဖက်များကို ကျေးဇူးတင် ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်သုံးနေရာအနိုင်ရ ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် မဲဆန္ဒရှင် များကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာမည်ဟု ယင်းပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောသည်။
7Day







0 comments:
Post a Comment