ရွေးကောက်ပွဲစီမံခန့်ခွဲမှုတွင် လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး မဲရုံတာဝန်ရှိသူများ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာမှု အားနည်းသည်ကိုတွေ့ရကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ Pace က ယမန်နေ့တွင် ထုတ်ပြန်သည်။
နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၂ နေရာ၌ စောင့်ကြည့်လေ့လာမှု ရလဒ်များအပေါ် အခြေခံ၍ Pace အဖွဲ့က ကနဦးအစီရင်ခံစာ ထုတ်ပြန်ခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် လေ့ လာစောင့်ကြည့်သူ ၅၇၉ ဦးဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ သည့် မဲဆန္ဒနယ် ၁၂ နေရာရှိ မဲ ရုံများ၌ စောင့်ကြည့်ခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြစ်စဉ်များ အဆင်ပြေချောမွေ့သည်ဟု ဆိုနိုင်သော်လည်း လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ တိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲစီမံခန့်ခွဲမှုတွင် လိုအပ်ချက်များ ရှိ နေဆဲဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
မဲရုံအခင်းအကျင်းတွင် မသန်စွမ်း မဲဆန္ဒရှင်များအတွက် အလွယ်တကူ လာရောက်မဲပေး ရန် ခက်ခဲနေခြင်း၊ စောင့်ကြည့် လေ့လာသူများနှင့်ပတ်သက်၍ မဲရုံမှူးများက သိရှိမှုအားနည်း ခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် အား နည်းချက်များ ရှိခြင်း၊ မဲပေးခြင်း ဖြစ်စဉ်တွင် မဲရုံတာဝန်ရှိသူများ က လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာမှုအားနည်းခြင်းတို့ကို တွေ့ရှိရကြောင်း Pace အဖွဲ့က ထောက်ပြသည်။
ရွေးကောက်ပွဲနေ့တွင် မဲရုံ များ၏ ၈၀ ရာခိုင်နှုန်းတွင်သာ မဲ ရုံသို့မ၀င်ရောက်မီ လက်ချောင်း များ မင်တို့ထားခြင်းရှိ၊ မရှိ စစ် ဆေးပြီး မဲရုံ ၉ ရာခိုင်နှုန်းတွင် မဲ ဆန္ဒရှင်အချို့၊ ၁၁ ရာခိုင်နှုန်းတွင် မဲဆန္ဒရှင်အများအပြားကို ထိုသို့ စစ်ဆေးခြင်းမရှိဘဲ မဲရုံအတွင်း ၀င်ခွင့်ပြုခဲ့ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ထို့ကြောင့် မဲရုံတာဝန်ရှိသူများအား ပိုမိုထိရောက်သော သင်တန်းများပေး၍ အားနည်းချက်များကို ဖြေရှင်းရန်လည်း အကြံ ပြုထားသည်။ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကျင်းပသည့် ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲသည် လက်ရှိပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစီးသည့် ဒုတိယအကြိမ် မြောက် ရွေးကောက်ပွဲ ဖြစ်သည်။
စောင့်ကြည့်လေ့လာသူများ အနေဖြင့် မဲရုံအားလုံးနီးပါး (၉၇ ရာခိုင်နှုန်း) တွင် မဲပေးခြင်းဖြစ်စဉ် ကို စောင့်ကြည့်လေ့လာခွင့် အ ပြည့်အ၀ရခဲ့ပြီး မဲရုံအချို့တွင်မူ အကန့်အသတ်အချို့ရှိခဲ့ကြောင်း Pace အဖွဲ့က ပြောသည်။ ယင်းအဖွဲ့၏ စောင့်ကြည့်မှုအရ မြစ် ကြီးနားမြို့နယ်တွင် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသည့် ကြိုတင်မဲများ လက်ခံသည်ကို တွေ့ရပြီး အခြားမြို့နယ်များ၌ လက်ခံခြင်း မရှိဟုဆိုသည်။
လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း အနိုင်ရထားသည့် မြစ်ကြီးနား၌ ကြိုတင်မဲများ ပွင့်လင်းမြင်သာမှုမရှိဆိုကာ အငြင်းပွားမှု ရှိနေသည်။
7Day







0 comments:
Post a Comment