တရုတ်နိုင်ငံမှာ ကားမောင်းသမားနဲ့ ခရီးသည်တစ်ဦး ရန်ဖြစ်မှုကြောင့် ခရီးသည်တင်ကားဟာ မြစ်အတွင်းကို ထိုးကျသွားခဲ့ပါတယ်။
ခရီးသည်တင်ကားဟာ ချုံကင်းပြည်နယ်ရှိ အမြင့် ၅၀ မီတာရှိ တံတားပေါ်ကနေ ယန်ဇီမြစ်အတွင်းကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ မြစ်ထဲကို ကားထိုးကျသွားမှုကြောင့် ကားပေါ်ပါသူ ခရီးသည် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ကားဟာ မျက်နှာချင်းဆိုင်ကလာတဲ့ ကားကို ရှောင်လိုက်တာကြောင့် မြစ်အတွင်းကို ထိုးကျသွားခဲ့တယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကားပေါ်ရှိ CCTV ကို ပြန်ကြည့်ချိန်မှာ ခရီးသည်တစ်ဦးက ကားမောင်းသမားကို ထိုးကြိတ်ခဲ့တာကြောင့် ကားဟာ ထိန်းချုပ်လို့မရဘဲ မြစ်အတွင်း ကျသွားခဲ့တယ်လို့ သိရှိခဲ့ကြခဲ့ပါတယ်။
MCN

No comments:
Post a Comment