Friday, November 2, 2018

Dr’s Choice Online Store ဆိုင် ဓါးပြခြိမ်းခြောက်ငွေလုယက်သူကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ စုံစမ်းနေ


ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်၊သံသုမာလမ်းနှင့်သုမင်္ဂလာလမ်းတွင်ဖွင့်လှစ်ထားသည့် Dr’s Choice Online Store ဆိုင်အတွင်းဓားပြခြိမ်းခြောက်ပြီး ငွေလုယူခဲ့သူကို တိုင်း၊ ခရိုင်မှုခင်းရဲတပ်ဖွဲ့နှင့်မှုခင်းအကူတပ်ဖွဲ့တို့က တရားခံအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။ 
Dr’s Choice Online Store ဆိုင်ဝန်ထမ်းများထံမှ ဓားပြခြိမ်းခြောက်ငွေလုယက်သူကို အရေးယူပေးရန် တောင်ဥက္ကလာပမြို့မရဲစခန်း၌ အခင်းဖြစ်ရပ်ရှိဆိုင်ဝန်ထမ်း ကိုယ်စားဆိုင်ရှင်ကအမှုဖွင့်လှစ်တိုင်ကြားထားကြောင်း ဆိုင်ဝန်ထမ်းဖြစ်သူ မစုသက်နိုင်ကပြောကြားသည်။ 

''ကျွန်မတို့ဘက်က တိုင်ကြားထားတယ်။အဲ့ဒိအတွက်လည်း ရဲတပ်ဖွဲ့ဘက်က လိုက်နေတုန်းပဲရှိသေးပါတယ်။သူက အဓိကကတော့ရှိတာထုတ်ပေးဖို့ပဲတောင်းတာ။ညီမတို့မှာလည်း နံနက်ပိုင်းရောင်းရငွေပဲရှိတော့ အဲ့ဒိရောင်းရငွေတော့ ထုတိပေးလိုက်တယ်။ဒါပေမယ့်သူက ထက်တော့တောင်းတယ်။ ကိုယ်တွေမှာက ဘာမှပေးစရာမရှိတော့ သူလည်းဘယ်လိုမှ ထပ်တောင်းလို့မရတော့တဲ့အဆုံးကျမှ သူကိုမတိုင်ဘူး။ ဘာမှမလုပ်ဘူးလို့ပြောလိုက်တော့မှ သူကထွက်သွားတာ''ဟု မစုသက်နှင်းကပြောသည်။ 

လက်ရှိတွင် အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ တောင်ဥက္ကလာမြို့မရဲစခန်းက (ပ) ၁၂၆၇ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။ 

နိုဝင်ဘာ ၁ရက် နံနက် ၁၁ နာရီ ၅၀မိနစ် ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ပါရမီလမ်း အိမ်နံပတ် ၂၀၅(ခ) တွင် ဖွင့်လှစ်ထားသည့် Dr’s Choice Online Store ဆိုင်အတွင်းသို့ အရပ် ၅ပေ ၄လက်မခန့်ရှိ အမျိုးသားတစ်ဦးကဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းမစုသက်နိုင်အား ဓါးပြခြိမ်းခြောက်ကာ ရောင်းရငွေများပေးရန်တောင်းသည့်အတွက် ဆိုင်၏နံနက်ပိုင်းရောင်း ချရသည့်ငွေကျပ် ၅၈၀၀၀ကျပ်ကိုထုတ်ပေး ခဲ့ရကြောင်း ၄င်းကဆိုသည်။

The Fifth Wave News 

No comments:

Post a Comment