Thursday, November 29, 2018

ဒုတိယအႀကီးဆံုး ဗီယက္နမ္ဘဏ္က ဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရ


ဗီယက်နမ်နိုင်ငံမှာ ဒုတိယမြောက်အကြီးဆုံး BIDV ဘဏ် က ဥက္ကဋ္ဌဟောင်းကို ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးလိုက်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးက ပြောပါတယ်။ 
ဒါ့အပြင် အဲဒီဘဏ်က အကြီးတန်းအမှုဆောင်အရာရှိဟောင်းနှစ်ဦးလည်း ဖမ်းဆီးခံရပြီး နောက်တစ်ဦးကိုတော့ နေအိမ်အကျယ်ချုပ်ချထားကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

ဗီယက်နမ်မှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်ရာမှာ ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေ စစ်ဆေး မေးမြန်းခံခဲ့ရပြီး နိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးတွေရဲ့ အရာရှိကြီးအတော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဟနွိုင်းမြို့ BIDV ဘဏ် အရှေ့ဘက်မြင်ကွင်း။ 
(Photo: Reuters)
RFA

No comments:

Post a Comment