Thursday, November 29, 2018

သီရိလင်္ကာဝန်ကြီးချုပ်ရုံး အသုံးစရိတ် လွှတ်တော် ပိတ်ပင်


အစိုးရ အကြပ်အတည်းဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာဝန်ကြီးချုပ်ရုံးရဲ့အသုံးစရိတ်ကို လွှတ်တော်ကပိတ်ပင်လိုက်ပါတယ်။ အောက်တိုဘာလကုန်ပိုင်း ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီးကတည်းက သီရိလင်္ကာရဲ့ အုပ်ချုပ်ရေး ယန္တရား ရပ်တန့်သလို ဖြစ်နေခဲ့တာပါ။ 
အခု အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးချုပ်ဟာ တရားဝင် ဥပဒေနဲ့အညီ ခန့်အပ်တာ မဟုတ်တာကြောင့် ဘတ်ဂျက် ရပ်ဆိုင်းထားဖို့ အဆိုပြုလိုက်တာဖြစ်ကြောင်း လွှတ်တော်အမတ်တဦးက ပြောပါတယ်။ 

အောက်တိုဘာ ၂၆ ရက်နေ့က သီရိလင်္ကာသမ္မတ က ဝန်ကြီးချုပ် ဝစ်ကရီ ကို ရာထူးက ထုတ်ပယ် လိုက်ပြီး မဟင်ဒါ ရာဇာ ပက်ကဆီ ကို အစားထိုးခန့်အပ်ခဲ့ပြီးတဲ့နောက် နှစ်ခြမ်းကွဲနေတဲ့ သီရိလင်္ကာ နိုင်ငံရေး အခြေအနေဟာ စိုးရိမ်စရာဖြစ်လာနေပါတယ်။ 

သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဇာ ပက်ကဆီ။ 
(Photo:AP)
RFA

No comments:

Post a Comment