မြောက်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌ ကင်မ်ယောင်နမ်ဟာ ဗင်နီဇွဲလားနိုင်ငံကို ရောက်ရှိနေပြီး နိုဝင်ဘာ ၂၇ ရက်နေ့က သမ္မတ နီကိုးလပ်စ် မာဒူရိုကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ လွှတ်တော်ဥက္ကဋ္ဌအဆင့် မြောက်ကိုရီးယား ခေါင်းဆောင်တဦး ဗင်နီဇွဲလားနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။
သမ္မတ မာဒူရိုက သူဟာ မြောက်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌနဲ့ အရေးကြီးတဲ့ အလုပ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး နှစ်နိုင်ငံ သံတမန်နဲ့ နိုင်ငံရေးဆက်ဆံမှုတွေ အားကောင်းအောင် လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။
ကင်မ်ယောင်နမ်ဟာ ဗင်နီဇွဲလားနိုင်ငံကတဆင့် ကျူးဘားနဲ့ မက္ကဆီကိုကို သွားရောက်မယ်လို့လည်း ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗင်နီဇွဲလားဟာ အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံတွေ ဖြစ်ကြတဲ့ ရုရှား၊ တရုတ်၊ တူရကီတို့နဲ့ သံတမန်ဆက်ဆံရေး နက်ရှိုင်းအောင် ကြိုးပမ်းစဉ်မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင်တဦးကို ကြိုဆိုခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
DVB







0 comments:
Post a Comment