မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲခံထားရသည့်သရုပ်ဆောင်မိုးအောင်ရင်အမှုကို ယနေ့တွင် တရားခံမစုံသေးသည့်အတွက် အမိန့်ချမှတ်ခဲ့ခြင်းမရှိဟု တရားရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲခံထားရသည့်သရုပ်ဆောင်မိုးအောင်ရင်အပါအဝင် ၃ ဦးအမှုကိုယနေ့ရုံးချိန်းတွင် မိုးအောင်ရင် မလာခဲ့သောကြောင့် ဒီဇင်ဘာ ၁၂ရက်နေ့သို့ပြန်လည်ချိန်းဆိုထားသည်။
သရုပ်ဆောင်မိုးအောင်ရင်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ၁၅၊၁၆(ဂ)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်ဟု ပုစွန်တောင်မြို့နယ်တရားရုံးမှသိရသည်။
သရုပ်ဆောင်မိုးအောင်ရင်ကို ပုဒ်မ ၁၅နဲ့ ၃ နှစ်၁၆(ဂ)နဲ့ ၅ နှစ် တစ်ပေါင်းတည်း ထောင်ဒဏ်၅ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့မိုအောင်ရင်သည် ထောင်ဒဏ်၅နှစ်ကျခံနေရသောကြောင့် ကျန်ရှိနေသည့်အမှုအတွက် အမိန့်ချမှတ်ရန် အကျဉ်းဦးစားဌာန ညွှန်ကြားရေးမှူးချုပ်ထံ သမ္မန်စာပို့ထားပြီး သမ္မန်စာပြန်လာမှသာအမိန့်ချမှတ်နိုင်မည်ဖြစ်သည်။
၂ဝ၁၆ သြဂုတ်လ ၂၉ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေမှ မိုးအောင်ရင် နေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင် အား တွေ့ရှိခဲ့ခြင်းမရှိဘဲ မိုးအောင်ရင်ရဲ့ သူငယ်ချင်း ဖြစ်သူ နှစ်ဦးကိုတော့ ဆေးခြောက်တွေနဲ့ အတူဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိတဲ့ သူရဲ့ ရည်စားဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
The Fifth Wave News







0 comments:
Post a Comment