သဘာဝပတ်ဝန်းကျင် ကာကွယ်ဖို့ လှုံ့ဆော်ရေးအဖွဲ့ကြီး Greenpeace ရဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ပိုလန်နိုင်ငံ အလယ်ပိုင်းက လျှပ်စစ်ဓာတ်အားပေးရုံရဲ့ ပေ ၅၉၀ မြင့်တဲ့ မီးခိုးခေါင်းတိုင်ပေါ် တွယ်တက်ပြီး ဆန္ဒပြကြပါတယ်။
ဒီလထဲမှာကျင်းပမယ့် ကုလသမဂ္ဂ ရာသီဥတု ညီလာခံမတိုင်ခင် နိုဝင်ဘာ ၂၇ ရက်မှာ ပိုလန်အစိုးရရဲ့ ကျောက်မီးသွေး မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြတာလည်း ဖြစ်ပါတယ်။
ဒီအစိုးရစက်ရုံဟာ ပိုလန်ရဲ့ အကြီးဆုံး လျှပ်စစ်ထုတ်လုပ်သူ၊ ဥရောပရဲ့ အကြီးဆုံး လေထုညစ်ညမ်းမှုရင်းမြစ်နဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံလည်း ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူ ၉ ယောက်ဟာ Poland General Electric PGE ပိုင်ပြီး လစ်ဂနိုက် လောင်စာသုံး စက်ရုံမှာ မီးခိုးခေါင်းတိုင်ထိပ်ကို လှေကားသုံး တက်ခဲ့ကြတာပါ။
ပိုလန်ရဲ့ ကျောက်မီးသွေးအပေါ် မှီခိုမှုနဲ့ ရှေးရိုးစွဲ အမျိုးသားရေးဝါဒီ အစိုးရနဲ့ ဥရောပသမဂ္ဂကြား ငြင်းခုန်မှုတွေဟာ ရာသီဥတုစကားဝိုင်းကို ခက်ခဲစေနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
လျှပ်စစ်စွမ်းအင် ၆၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးကယူပြီး ကမ်းခြေမှာရှိနေတဲ့ လေအားလျှပ်စစ်လုပ်ငန်းတွေ ပျောက်ကွယ်သွားမယ့် မူကြမ်းကို ရေးထားတယ်လို့ အရင်လက စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
ပိုလန်အစိုးရဟာ တချို့ ကျောက်မီးသွေး လျှပ်စစ်စက်ရုံတွေနေရာမှာ နျူကလီးယား စွမ်းအင်၊ နေစွမ်းအင်နဲ့ ကမ်းလွန် လေစွမ်းအင်သုံး လုပ်ငန်းတွေနဲ့ ၂၀၄၀ မှာ အစားထိုးဖို့လည်း စီစဉ်ထားပါတယ်။
ပိုလန်ဟာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ညီလာခံကို ကာတိုရီဇာမြို့မှာ ဒီနှစ် ဒီဇင်ဘာ ၂ ရက်ကနေ ၁၄ ရက်နေ့အတွင်း လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
DVB







0 comments:
Post a Comment