အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း၌ မသင်္ကာသူ(၇)ဦးနှင့် ပို့ဆောင်သူတစ်ဦး အား ဖမ်းဆီးရမိ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နား စခန်းဝင်/ထွက်ပေါက် ဂိတ်(၁)၌ ရန်ကုန်မှ လားရှိုးသို့ ထွက်ခွာမည့် 6M/×××× “ရွှေလားရှိုး” ခရီးသည်တင်ယာဉ် ထိုင်ခုံအမှတ် ၂၁ မှ ၂၈ ထိတို့တွင် သာကေတမြို့နယ်၊ (၁)ရပ်ကွက်နေ မသီတာ(ခ)ဘေဂန်(၄၇)နှစ်နှင့် စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာနေ မောင်လှကျော်(ခ)ရီယာဆော်ဒိန်(၂၄)နှစ်ပါ မသင်္ကာသူ ကျား(၇)ဦးတို့ လိုက်ပါလာကြောင်း သတင်းအရ အောင်မင်္ဂလာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ မသင်္ကာသူ(၇)ဦးမှာ မြန်မာစကား မပြောတတ် သည့်အတွက် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဦးအောင်ဝင်းနိုင် ဦးစီး ပူးပေါင်းအဖွဲ့တို့က ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
The Ladies News







0 comments:
Post a Comment