Thursday, November 29, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင်အရာရှိချုပ်တို့ တွေ့ဆုံ၊ စာသင်ကျောင်းများတွင် အင်တာနက်လိုင်းများ တပ်ဆင်ပေးမှု ကိစ္စနှင့် အခြေားကဏ္ဍများ ဆွေးနွေး



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင်အရာရှိချုပ်တို့သည် နိုဝင်ဘာ ၂၈ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် စာသင်ကျောင်းများတွင် အင်တာနက်လိုင်းများ တပ်ဆင်ပေးမှု ကိစ္စနှင့် အခြေားကဏ္ဍများဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများ၊ ပြည်သူများအား ဆက်သွယ်ရေး ၀န်ဆောင်မှုများပေးနေမှု အခြေအနေများ၊ စာသင်ကျောင်းများတွင် အင်တာနက် လိုင်းများ တပ်ဆင်ပေးနေမှု အခြေအနေများ၊ ကျေးလက်ဒေသများအထိ ၀န်ဆောင်မှုလုပ်ငန်းများ ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေ တို့တက်ရောက်ကြပြီး Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင် အရာရှိချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News


0 comments:

Post a Comment