ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်အမြန်ဆုံးပြန်နိုင်အောင် အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်လို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက ပြောပါတယ်။
ဒီကနေ့ လားရှိုးမြို့ ပေါ်မှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေကို လိုက်လံကြည့်ရှုရင်း ဒေသခံတွေနဲ့တွေ့ဆုံချိန် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အီနိုင်းကျေးရွာအုပ်စု မန်ပြိန်းကျေးရွာတဝိုက်မှာ SSPP နဲ့ RCSS တပ်ဖွဲ့တွေ အောက်တိုလ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်တာကြောင့် အီနိုင်းကျေးရွာအုပ်စုအတွင်း ကျေးရွာတွေက ဒေသခံ တစ်ထောင့်လေးရာလောက် လားရှိုးမြို့ပေါ်က မန်ဆူဘုန်းတော်ကြီးကျောင်း ရပ်ကွပ် ၉ အနောက်ပိုင်း ကချင်အသင်းတော်ကျောင်နဲ့ ရပ်ကွက် ၁၂ ကက်သလစ်ကျောင်းတွေမှာ ခိုလှုံနေရတာဖြစ်ပါတယ်။
Photo: Kan Thar/RFA






No comments:
Post a Comment