လာမယ့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ ရလဒ်ကောင်းတွေရရှိဖို့ ပြင်ဆင်တဲ့ အနေနဲ့ ပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
၃ ရက်ကြာပြုလုပ်မယ့် အဲဒီအစည်းအဝေးကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်လာပါတယ်။
ဒါပေမဲ့ KNU အဖွဲ့ကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှုကို ယာယီရပ်ဆိုင်းထားမယ်လို့ သူတို့ ထုတ်ပြန်ထားတဲ့အတိုင်း ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်လာတာ မတွေ့ရပါဘူး။
တဆက်တည်းမှာပဲ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဖြစ်တဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့နဲ့ KNPP တို့ကို အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် အများစုက မတက်ရောက်နိုင်သေးဘူးလို့ အကြောင်းပြန်ထားကြတယ်လို့ သိရပါတယ်။
Photo: Thiha Tun, Aung Thain Kha/RFA








No comments:
Post a Comment