မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်၊ မီးလောင်ကုန်ကျေးရွာ အနောက်ဘက်(၃)မိုင်ခန့်အကွာ ဆားတွင်းကွင်း (ဒေသခေါ် ) တောစပ်တနေရာတွင် နိုဝင်ဘာ (၂၇) ရက်ညပိုင်းက အထောက်အထားမဲ့ ဘင်္ဂါလီ (၁၁)ဦးဖမ်းဆီးထားကြောင်း ရေနံမစခန်းက သိရသည်။
မသင်္ကာစရာ လူစိမ်းများတွေ့ရှိကြောင်း ဆက်သွယ်သတင်းပေးချက်အရ ရေနံမစခန်းမှူး ရဲအုပ်မျိုးမင်းထွန်း၊ ဒုရဲအုပ် နေအောင်ဦး၊ ဒုရဲအုပ် အောင်လှိုင်ဝင်း၊ ဒုရဲအုပ် တင်မောင်စန်း၊ ဒုရဲအုပ်သိန်းမင်း၊ သက်သေများနှင့်အတူ သွားရောက်စိစစ်ခဲ့ရာ မီးလောင်ကုန်ကျေးရွာ အနောက်ဘက်(၃) မိုင်ခန့်အကွာ ဆားတွင်းကွင်းတောစပ်တနေရာတွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၁)ဦးအား ဖမ်းဆီးရမိခဲ့သည်။
ခိုးဝင်သူများမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နေထိုင်သူများဖြစ်ပြီး ရန်ကုန်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်အတွက် လွန်ခဲ့သော(၁၅)ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှလာရောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ဖမ်းဆီးရမိသည့်သူများအား မင်းလှမြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် လ.ဝ.က တို့ ပူးပေါင်းစစ်ဆေးလျှက်ရှိပြီး လ.ဝ.က ဥပဒေဖြင့် အရေးယူဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်ဝင်း(ငဖဲ)
News Watch


No comments:
Post a Comment