Thursday, November 1, 2018

ကျပ်သိန်း ၁၀၀ လျော်ကြေးစာချုပ်တွင် လက်မှတ်မထိုးသည့် သူနာပြု ခြောက်ဦးအား အောင်လက်မှတ်အပ်နှင်းပွဲ၌ အခွံသာပေး ညှိနှိုင်းအပြီးတွင်မှ ဒီပလိုမာလက်မှတ် ပြန်ထုတ်ပေးဟုဆို



သင်တန်းပြီးဆုံး၍ အစိုးရသူနာပြုအဖြစ် သုံးနှစ်တာဝန် မထမ်းပါက ကျပ်သိန်း ၁၀၀ လျော်ကြေးပေးရမည့် စာချုပ်သစ်တွင် လက်မှတ်မထိုးခြင်းကြောင့် မြောက်ဥက္ကလာပ သူနာပြုသင် တန်းကျောင်းမှ သင်တန်းသူခြောက်ဦးကို အောင်လက်မှတ် အပ်နှင်းပွဲ၌ ဒီပလိုမာလက်မှတ်မပါသော အောင်လက်မှတ်အခွံသာ ပေးအပ်ခဲ့ကြောင်း သူနာပြု အခွင့်အရေးဆောင်ရွက်သော အဖွဲ့အစည်း (NTS Transparency Network) က သတင်းထုတ်ပြန်သည်။ 
မြောက်ဥက္ကလာပ သူနာပြု သင်တန်းကျောင်း အပတ်စဉ် (၄၁) သင်တန်းဆင်းအောင်လက် မှတ်အပ်နှင်းပွဲကို အောက်တိုဘာ ၃၁ ရက်က ကျင်းပရာ စာချုပ် သစ်တွင် လက်မှတ်မထိုးသည့် သင်တန်းသူ ခြောက်ဦးအား ဒီပလိုမာ လက်မှတ်မပေး၍ သူနာပြုအသိုင်းအ၀ိုင်း၌ ဝေဖန်ပြောကြားမှုများ ရှိခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ပြောင်းလဲပြင်ဆင် ထားသည့် အစိုးရ၀န်ထမ်း သုံးနှစ် တာဝန်မထမ်းဆောင်ပါက ကျပ် သိန်း ၁၀၀ လျော်ကြေးပေးရမည် ဟူသော စာချုပ်သစ်ကို လက် မှတ်မထိုးသဖြင့် အောင်လက်မှတ် မ ပေးခြင်းဖြစ်ပြီး စာချုပ်ချုပ်ဆိုမှ သာ အောင်လက်မှတ်ပေးအပ် မည်ဟု မြောက်ဥက္ကလာပသူနာပြု သင်တန်းကျောင်းအုပ်က ပြောဆို ကြောင်း NTS Transparency Network က အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။ 

နိုဝင်ဘာ ၁ ရက်တွင် အောင်လက်မှတ်မရရှိသော သင်တန်းသူ များက သင်တန်းကျောင်းတာဝန် ရှိသူများနှင့် ဆွေးနွေးပြီးနောက် ဒီပလိုမာလက်မှတ် ပြန်ထုတ်ပေး ခဲ့သည်ဟု NTS Transparency Networkက သတင်းထပ်မံ ထုတ် ပြန်သည်။ 

‘‘ကျောင်းတာဝန်ရှိသူတွေနဲ့ ညှိပြီး အဆင်ပြေသွားပါပြီ။ ခြောက်ဦးစလုံး လက်မှတ်ထုတ် ပေးလိုက်ပြီလို့ သိရပါတယ်’’ ဟု NTS Transparency Network အဖွဲ့ဝင်သူနာပြုတစ်ဦးက 7Day Daily သတင်းစာအား နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ နို ၀င်ဘာ ၁ ရက်တွင် 7Day Daily က မြောက်ဥက္ကလာပသူနာပြုသင် တန်းကျောင်းနှင့် မြန်မာနိုင်ငံသူ နာပြုနှင့် သားဖွားကောင်စီသို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနအောက်ရှိ သူနာပြု သင်တန်းကျောင်းဆင်းများ သည် သူနာပြုသားဖွားဒီပလိုမာ သုံးနှစ် သင်တန်းပြီးဆုံးပါက အစိုးရအ မှုထမ်းအဖြစ် သုံးနှစ်တာဝန် မ ထမ်းဆောင်လျှင် ကျပ် ရှစ်သိန်း လျော်ကြေးပေးရမည်ဟု ယခင် က စာချုပ်ချုပ်ဆိုခဲ့ရသည်။ ၂၀၁၈ သူနာပြုသားဖွားဒီပလိုမာ သင်တန်းလျှောက်လွှာခေါ်ယူရာ တွင် လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်ထားသည်။ 

ထို့ပြင် ယခင်နှစ်များက ကျပ် ရှစ်သိန်းလျော်ကြေးစာချုပ်ဖြင့် သင်တန်းတက်ရောက်နေသူများ ကိုပါ ကျပ်သိန်း ၁၀၀ လျော်ကြေး စာချုပ်သစ်ပြင်ဆင်လက်မှတ် ထိုးခိုင်းမှုများ ရှိကြောင်း သူနာ ပြုအသိုင်းအ၀ိုင်းက ဆိုသည်။ 

ထိုသို့ ပြင်ဆင်လက်မှတ် ထိုးခိုင်းမှုများနှင့်ပတ်သက်ပြီး စက်တင်ဘာ ၉ ရက်က ရန်ကုန် သူနာပြုသင်တန်းကျောင်းတွင် သူနာပြုသင်တန်းသား ၂၀၀ ကျော်နှင့် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန ၀န်ကြီးရုံး ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသာ ထွန်းကျော်တို့ တွေ့ဆုံခဲ့ပြီး အ ချက် လေးချက် သဘောတူညီမှု ရရှိထားသည်။ 

ယင်းအချက်လေးချက်သည် (၁)စာချုပ်ကျပ်သိန်း ၁၀၀ ပြောင်းလဲခြင်းကိစ္စကို ဒေါက်တာသာထွန်းကျော်က ဆုံးဖြတ်ပေးနိုင်ခြင်း မရှိသဖြင့် ၀န်ကြီးဌာန၏ အမြင့် ဆုံးသော စီမံခန့်ခွဲရေးကော်မတီ (EC) အစည်းအဝေးတွင် တင်ပြ ဆွေးနွေးမည်။ (၂) ဆွေးနွေးမည့် ကိစ္စကို ရက်အနီးဆုံး EC အ စည်းအဝေးတွင် တင်ပြဆွေးနွေး ပြီး ရလဒ်ကို သက်ဆိုင်ရာကျောင်း အုပ်ကြီးမှတစ်ဆင့် အကြောင်း ကြားပေးမည်။ (၃) ရလဒ်မရောက် ရှိမီအထိ စာချုပ်ချုပ်ဆိုခြင်း ရပ် ဆိုင်းထားမည်။ (၄) သင်တန်း သား၊ သင်တန်းသူများ၏ တင်ပြ တောင်းဆိုချက်ဖြစ်သော ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ တက်ရောက်ခွင့် ရ သင်တန်းသား၊ သင်တန်းသူ တို့ကို မူလလျော်ကြေး ကျပ်ရှစ်သိန်း ဖြင့်သာ ချုပ်ဆိုရန်နှင့် ၂၀၁၉ ၀င်ခွင့်လမ်းညွှန်တွင် တရားဝင်ကြေညာပြီးမှသာ ပြောင်းလဲပြင်ဆင် ချုပ်ဆိုရန် တောင်းဆိုချက်ကို တင်ပြဆွေးနွေးပေးမည်ဟု ဖြစ်သည်။


7Day

No comments:

Post a Comment