Friday, November 2, 2018

ခါရှော့ဂီသည် အန္တရာယ်ရှိသည့် အစွန်းရောက် အစ္စလာမ်ဘာသာဝင်တစ်ဦး ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော


အသတ်ခံခဲ့ရတဲ့စာရေးဆရာ ဂျာမဲလ် ခါရှော့ဂီဟာ အန္တရာယ်ရှိတဲ့အစွန်းရောက်အစ္စလာမ်သာသာဝင်တစ်ဦးဖြစ်တယ်လို့ယူဆရ တယ်ဆိုပြီး အမေရိကန်ဘက်ကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က ပြောတယ်လို့ မီဒီယာတွေမှာ အစီရင်ခံဖော်ပြနေပါတယ်။ 
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့သားမက်ဖြစ်သူ ဂျာရတ် ကွတ်ရှ်နာနဲ့ အမေရိကန်အမျိုးသားလုံ ခြုံရေးဆိုင်ရာအကြံပေး ဂျွန်ဘော်လ်တန်တို့နဲ့ ဖုန်းပြောချိန်မှာပြောခဲ့တာလို့ သတင်းတွေအရသိရပါတယ်။ 

ခါရှော့ဂီဟာ မွတ်ဆ လင်ညီအစ်ကိုများဆိုတဲ့ နိုင်ငံစုံပါဝင်တဲ့အစွန်းရောက်အစ္စလာမ်အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ မိုဟာမက်ကပြောခဲ့တယ်ဆိုပြီး ၀ါရှင် တန်ပို့စ်သတင်းစာကဖော်ပြခဲ့ပါတယ်။ 

ဝါရှင်တန်ပို့စ်နဲ့ နယူးယောက်တိုင်းမ်သတင်းစာ တို့မှာဖော်ပြနေတဲ့ အဲဒီသတင်းတွေနဲ့ပတ် သက်ပြီး ဆော်ဒီဘက်က ငြင်းချက် ထုတ်ထား ပါတယ်။ 

အမေရိကန်သတင်းစာတွေမှာ ကော်လံစားအဖြစ် စာရေးနေတဲ့ဆော်ဒီနိုင်ငံ သားခါရှော့ဂီဟာ ဆော်ဒီ အာဏာပိုင်တွေကို ဝေဖန်တာကြောင့် လူသိများသူဖြစ်ပါတယ်။ 

သူရဲ့ရုပ်အလောင်းကိုပြန်မတွေ့သေး ပေမဲ့ အောက်တိုဘာ လ(၂)ရက်က တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံခဲ့ရတယ်လို့ အမေရိကန်နဲ့ဆော်ဒီနှစ်ဖက်စလုံးက သဘောတူထားပါတယ်။ 

အသတ်ခံရတဲ့ဖြစ်ရပ်မှာ ဆော်ဒီတော်ဝင်မိသားစုတွေပါဝင်ခြင်းမ ရှိဘဲ အချက်အလက်တွေအားလုံးကို ရှာဖွေဖို့ဆုံးဖြတ်ထားတယ်လို့ ဆော်ဒီဘက်ကပြောထားပါတယ်။ အသတ်ခံခဲ့ရတဲ့ဖြစ်ရပ် ဟာ ဆော်ဒီနိုင်ငံသားတွေအားလုံးအတွက် နာကျင်ရတယ်လို့ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ မင်းသားမိုဟာမက်ကပြောပါတယ်။

The Fifth Wave News 

No comments:

Post a Comment