ရန်ကုန်မြို့ပေါ်တွင် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ကျူးကျော်နေထိုင်သူများ အားလုံးပေါင်းပါက အိမ်ရာအခန်းပေါင်း (၃) သိန်းခန့် တည်ဆောက်ဖို့ ရန် လိုအပ်မည်ဖြစ်ပြီး၊ ယင်းအခြေအနေများကို ဆောင်ရွက်နိုင်ရန် အစိုးရ သစ် စတင်တာဝန်ယူ သည့် အချိန်မှ စတင်ကာ ကြိုးပမ်းခဲ့သော်လည်း မြေနေရာ ရရှိဖို့ရန် ၊တည်ဆောက် ရန် နှင့် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေရခြင်းများအတွက် ပြင်ဆင်ဆောင်ရွက် နေရသည့် ကာလတစ်ခု၌ပင် တည်ရှိနေ သေးကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။
မြန်မာဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနှင့် အိမ်ရာလုပ်ငန်း အသင်းတို့ စီစဉ်သော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားခဲ့စဉ်ယင်းသို့ ထည့်သွင်းပြောဆို ခဲ့ခြင်းလည်းဖြစ်သည်။
“ရန်ကုန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာ တာကြောင့် အမြို့မြို့ အနယ်နယ်ကနေ ပြောင်းလာကြတဲ့ သူတွေများပါတယ်။ ဒီရွေ့ပြောင်းလာတဲ့ သူတွေဟာ နေရေးအတွက် ရန်ကုန်မှာ အခက်အခဲ ဖြစ်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ ဂျပန်နိုင်ငံနဲ့ ဆောင်ရွက်တဲ့ ပရောဂျက်ရဲ့ ဆောင်ရွက်မှုကြောင့် ထွက်ပေါ်လာတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်ကြရင် ကောင်းမလဲ ဆိုတာကို ဂျပန်နိုင်ငံက မိတ်ဆွေတွေနဲ့ ဆက်လက် ဆွေးနွေးကြဖို့ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နေစရာ အခက်အခဲဖြစ်နေသည့် ပြည်သူများ၏ ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရာ ရောက်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ခု နှင့် စီးပွားရေးဇုန် တစ်ခုရှိပါကြောင်း၊ ယင်း စီးပွားရေးဇုန် တစ်ခုသည် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီးပွားရေးဇုန်ကြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
“အခုဆောင်ရွက်မယ့် ပရောဂျက်ဟာ မြန်မာ ပြည်သူလူထု အများဆုံးမျှော်လင့် တောင့်တနေတဲ့ ပရောဂျက်ဖြစ်ပါတယ်။ ဒီပရောဂျက်ကို ဂျပန်နိုင်ငံက စပြီး တော့မှ သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခု တန်ဖိုးနည်း အခန်းတစ်ခု၊ အိမ်ရာ တစ်ခုကို တည်ဆောက် ပေးနိုင်ဖို့အတွက် စမ်းသပ်ပြီး အခု ဒီစီမံကိန်းလေးကို ဆောင်ရွက်တဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်” ဟုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။
The Ladies News







0 comments:
Post a Comment