Sunday, November 4, 2018

ဒီချုပ်အနေဖြင့် မိတ်ဖက်တိုင်းရင်းသား အင်အားစုများနှင့်လက်တွဲမှ ဒီမိုကရေစီနိုင်ငံရေးစနစ်ရှေ့ဆက်နိုင်မည်ဟု SNLD ပြော တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဆက်ဆံရေး ပါတီခေါင်းဆောင်များအစည်းအဝေးတွင် ဆွေးနွေးမည်ဟု ဒီချုပ်ဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မိတ်ဖက်တိုင်းရင်းသား အင်အားစုများနှင့် လက်တွဲမှ ဒီမိုကရေစီနိုင်ငံရေး စနစ်ရှေ့ဆက်နိုင်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်ကပြောသည်။ 
ကြားဖြတ် ရွေးကောက်ပွဲ သင်ခန်းစာအရ ဒီမိုကရေစီအင် အားစုအချင်းချင်းလက်တွဲဆောင် ရွက်နိုင်ခြင်းမရှိပါကလာမည့်ရွေး ကောက်ပွဲတွင် အခြားအင်အားစုတစ်ခုက ပြန်လည်အနိုင်ယူနိုင် သည်ဟု ၎င်းကလက်ရှိအာ ဏာရပါတီ NLD ကို သတင်းစ ကားပါးသည်။ 

‘‘ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်းလက် တွဲပြီးတော့မှ စစ်မှန်တဲ့ ပြည် ထောင်စုတစ်ခုကို တည်ဆောက် ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့အချင်း ချင်းကြားမှာ အပေးအယူမျှတတဲ့ ပွင့်လင်းမြင်သာမှုမျိုးကိုဆောင် ရွက်သင့်ပြီ’’ဟု ဦးစိုင်းလိတ်က ပြောသည်။ 

အာဏာရပါတီအနေဖြင့် တိုင်းရင်းသားများနှင့် ပတ်သက် သည့် တိကျခိုင်မာပြတ်သားသည့် မူဝါဒသတ်မှတ်ပြီး လူထုကိုချပြ နိုင်ခြင်းမရှိပါက တိုင်းရင်းသားပါ တီများ၏ စိုးရိမ်မှုဆက်ရှိနေမည် ဟုဆိုသည်။ 

‘‘တကယ်တမ်းပြည်ထောင် စု တစ်ခုလုံးကို လွှမ်းခြုံပြီးစဉ်းစား မယ်ဆိုရင် SNLD ကိုဘယ်လိုမှ  ပစ်ပယ်ထားလို့မရဘူး။ လက်တွဲ မှသာလျှင် အားလုံးမျှော်မှန်းတဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဆက် လက်ချီတက်နိုင်မှာ။ အဲဒါကြောင့် မို့တစ်နိုင်ငံလုံးလွှမ်းခြုံပြီးတော့ SNLD သာမကဘူး မိတ်ဖက် တိုင်းရင်းသားအင်အားစု အကုန် လုံးနဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ် တယ်’’ ဟု ဦးစိုင်းလိတ်ကအကြံ ပြုတိုက်တွန်းသည်။ 

SNLD ပါတီပြောရေးဆိုခွင့် ရှိသူ၏ ပြောဆိုချက်အပေါ်မူအား ဖြင့် လက်ခံကြောင်း NLD ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကပြောသည်။ 

‘‘အဲဒါတွေက ကျွန်တော်တို့ လုပ်လို့မရဘူး။ ကျွန်တော်တို့ စီနီ ယာတွေသာလုပ်မှဖြစ်မှာ။ အဲဒီ လိုလုပ်ဖို့လို၊မလိုဘယ်လိုလုပ်ရမ လဲဆိုတာ ကျွန်တော်တို့ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ကျတော့မှ တင်ပြီး ဆွေးနွေးပါမယ်’’ ဟု ၎င်း ကဆိုသည်။ NLD ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ကို ပါတီထိပ်ပိုင်း ခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသည်။ 

လက်ရှိတွင် NLD နှင့် SNLD အကြား ပြဿနာဖြစ် ပွားခြင်း၊ မပြေလည်ခြင်းတစ်စုံ တစ်ရာမရှိကြောင်း၊ ကြိုတင်ပြင် ဆင်မှုအားနည်းနေခြင်းကြောင့် သာ မိတ်ဆွေအဖွဲ့အစည်းများအ ကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများမဆွေးနွေးနိုင်သည့်အ ခြေအနေဖြစ်ကြောင်း ဦးစိုင်း လိတ်ကပြောသည်။ ၂၀၁၅ ရွေး ကောက်ပွဲမှ လက်ရှိအထိပါတီ နှစ်ခုအကြားပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာတစ်ကြိမ်မျှမဆွေးနွေး နိုင်ခဲ့ဟု ဆိုသည်။ 

‘‘စိတ်ရင်းစေတနာကောင်း ပေမယ့် စီမံခန့်ခွဲမှုအပိုင်းမှာ အား နည်းနေတဲ့အတွက်ကြောင့်မို့လို့ တိုင်းရင်းသားတွေနဲ့အလှမ်းကွာ တဲ့အနေအထားမျိုးဖြစ်သွားတာ ပါ’’ ဟု ၎င်းကပြောသည်။ 

တိုင်းရင်းသားပါတီများအ နေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်လာနေ၍ NLD အ နေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ မဲရရန် ပိုမိုခက်ခဲမည်ဟု တိုင်းရင်းသား အရေးလေ့လာသူ ဦးမောင်မောင် စိုးက သုံးသပ်သည်။ 

အစိုးရ ဖွဲ့စည်းနိုင်ရေး အဓိကကျသော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်နေရာ ကို တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားပြီး တိုင်းရင်းသားပြည် နယ်များတွင် ၃၁ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီးခုနစ်ခုတွင် ၄၄ ရာခိုင်နှုန်းရှိသည်ဟု ၎င်းကဆို သည်။ 

‘‘အဲဒီတော့ တိုင်းရင်းသားပါ တီတွေနဲ့ မဟာမိတ်ဖြစ်ရေးကိုအ လေးထားလာဖို့လိုလာမယ်။တိုင်း ရင်းသားတွေဘက်ကကြည့်ရင် လည်း သူတို့ပြည်နယ်တွေမှာသူ တို့အားကောင်းလာလို့ရှိရင်အစိုး ရဖွဲ့စည်းရေးမှာ သူတို့အရေးပါ တဲ့အခန်းကပါလာမယ်ဆိုတာ သူတို့လည်း သဘောပေါက်လာခဲ့လို့ ရှိရင် ဒီမဟာဗျူဟာအခင်းအ ကျင်းတွေ၊ အပြောင်းအလဲတွေ စဉ်းစား ဖို့လိုအပ်လိမ့်မယ်လို့ထင် တယ်’’ ဟု ဦးမောင်မောင်စိုးက ပြောသည်။ 

NLD နှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ ပူးပေါင်း ဆောင်ရွက်ရေးသည် ညှိနှိုင်းရန်သာအရေးကြီးပြီး အခြားအခက် အခဲမရှိဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။


7Day

0 comments:

Post a Comment